ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရက်တောင်ကြီး (၃) ပေနီးပါး ထပ်မံ မြင့်တက်လာ

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရက်တောင်ကြီး (၃) ပေနီးပါး ထပ်မံ မြင့်တက်လာ

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရက်တောင်ရဲ့အမြင့်ကို ၁၉၅၄ ခုနှစ်မှာ အိန္ဒိယနိုင်ငံက ပထဝီဝင်သင်ရိုးထဲမှာ (၈၈၄၈) မီတာလို့ သတ်မှတ်ဖော်ပြခဲ့တာကို တစ်ကမ္ဘာလုံးက လက်ခံသုံးစွဲခဲ့ကြပေမဲ့ ဒီနေ့ကစပြီး အဲဒီအမြင့်စံနှုန်းဟာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

ဧ၀ရတ်တောင်ထွတ်အမြင့်ဟာ အခုနောက်ပိုင်း ပြောင်းလဲနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိတဲ့အတွက် နီပေါနဲ့ တရုတ်နိုင်ငံတို့က ပူးပေါင်းတိုင်းတာပြီး တောင်ထွတ်ရဲ့အမြင့်က (၈၆) စင်တီမီတာ သုံးပေနီးပါး မြင့်တက်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုမြင့်တက်လာတာဟာ ၂၀၁၅ ခုနှစ်က လှုပ်ခတ်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကိုလည်း အကြောင်းတစ်ခုအဖြစ် ထည့်သွင်း စဉ်းစာခဲ့ကြပါတယ်။

ငလျင်လှုပ်ရှားမူနဲ့ ကျောက်လွှာချပ်တွေ ရွေ့လျားမှုကြောင့် အခုလို အမြင့်ပေ တက်လာခဲ့တာ ဖြစ်ပြီး (၆၆) နှစ်တာအတွင်းမှာ သုံးပေနီးပါး၊ နှစ်နှစ်ကြာတိုင်း တစ်လက်မ မြင့်လာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ (၈) ရက်နေ့မှာ နီပေါနဲ့တရုတ်နိုင်ငံတို့ ပူးပေါင်းတိုင်းတာမှုကို သတင်းထုတ်ပြန်ရာမှာတော့ ဧ၀ရတ်တောင်ထွတ် အမြင့်ဟာ အရင်က ထုတ်ပြန်ထားတာထက် (၈၆) စင်တီမီတာပိုမြင့်မားလာပြီး (၈၈၄၈. ၈၅) မီတာမြင့်တယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီး ဒရာဒိပ်ဂွါဝါလီက ခတ္တမန်ဒူမှာလုပ်တဲ့ သတင်းစာရှင်းလင်:ပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဋ္ဌာနကလည်း ဒီတိုင်းတာမှုအသစ်ကို အတည်ပြု ထုတ်ပြန်သွားပါတယ်။ အစောပိုင်းက တရုတ်နိုင်ငံရဲ့တိုင်းတာချက်မှာ တောင်ထွတ်အမြင့်က (၈၈၄၄ .၄၃) မီတာလို့ ဖော်ပြခဲ့ပေမဲ့ နောက်ဆုံးတိုင်းတာမှုမှာတော့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page