မကြာမှီ ဝင်ရောက်တော့မည့် မုန်တိုင်းနဲ့ပတ်သက်ပြီး မဖြစ်မနေ ပြင်ဆင်သင့်သည့် အရာများ
မုန်တိုင်းနဲ့ပတ်သက်ပြီး ရခိုင်မြောက်ပိုင်း၊ ဧရာဝတီအနောက်ခြမ်း၊ ချင်း၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းက မိတ်ဆွေတွေ အရေးတယူ လုပ်ထားကြပါ။
မိုးလေဝသသတင်းထဲမှာ အရေးကြီးတယ်ဆိုတဲ့ဒေသကမိတ်ဆွေတွေ အနည်းဆုံးအိမ်နားက သစ်ပင်တွေ အကိုင်းအခက်အလက် ချိုင်ထားသင့်တဲ့အပင် ချိုင်ထားစေချင်တယ်။ နောက်မို့ဆိုအပင်လည်းဆုံး အိမ်လည်းဆုံးတတ်တယ်။ လေကနည်းနည်း၊ အပင်က ဝိတ်ကြီးပြီး အိမ်ပိတာ၊ လမ်းပိတ်တာတွေကြုံခဲ့ရဖူးတယ်။ နာဂစ်တုန်းက ရန်ကုန်က အပင်ကြီး အကုန်နီးပါး ပြောင်တလင်းခါသွားတာ မှတ်မိကြမှာပါ။
တံခါးတွေ ဘာတွေ အထပ်သားနဲ့ပိတ်၊ သံနဲ့ရိုက် ပိတ်သင့်တာပိတ်၊ အမိုးခေါင်တွေ ချုပ်သင့်တာချုပ်၊ အိမ်ဝိုင်းထဲ လွင့်နိုင်တဲ့ပစ္စည်းတွေ ရှင်းသင့်တာရှင်းထားစေချင်တယ်။ မိမိကိုယ်ပေါ်အဝတ်ဝတ်တာပေါ့ပါးပြီး သွားရလွယ်ကူတဲ့အဝတ်ပဲဝတ်ထားသင့်ပါတယ်။ ရေနဲ့အတူ အန္တရာယ်ရှိတဲ့အကောင်ပလောင်တွေပါလာတတ်တယ်၊ သတိထားပါ၊ အဓိက shelter ခိုလှုံရာကောင်းကောင်းလိုပါတယ်၊ လူ ထက်တန်ဖိုးကြီးတာမရှိ။ ပင်လယ် မြစ်ဘေးနားနေသူတွေ ပင်လယ်ပြင် အထက် လှိုင်းလွတ်ဧရိယာအမြင့်ကို တွက်ချက်နေထိုင်ကြပါ။
မြင့်တဲ့ ဘီရို၊ မခိုင်ခန့်တဲ့ နံရံ၊ ထူထဲပြီး လူကိုပိရင် Tayတတ်တဲ့ ထုတ်တန်းတွေ မုန်တိုင်းလေတိုက်နေချိန် သတိဝိရိယနဲ့ ရှောင်ရှားစေချင်တယ်။
ဆန်၊ ဆီ၊ ဆား ရေစိုရင်ပျက်စီးတတ်တဲ့အရာတွေ ပလပ်စတစ်တွေနဲ့ အထပ်ထပ်လုံခြုံအောင် စီမံထားသင့်ပါတယ်။ မိမိပိုင်ယာဉ်၊ ဆိုင်ကယ်ကို သစ်ပင်လွတ်တဲ့နေရာလွင်ပြင်၊ သို့မဟုတ် ခိုင်ခန့်တဲ့အမိုးအကာအောက်သွင်းထားသင့်ပါတယ်၊ ကားလောက်ကတော့ လေဆောင့်တွန်းရင် လွင့်သွားတတ်ပါတယ်။ ကားတွဘာတွေဆီဖြည့်ထားပါ၊ ကား ဆိုင်ကယ်ပေါ်မှာ လုံလုံခြုံခြုံလုပ်ထားတဲ့ ရိက္ခာထုတ် တင်ထားပါ၊ လှေ၊ သင်္ဘော မုန်တိုင်းကွယ်ရာ ချောင်းမြောင်းမှာ အစုလိုက်တွဲချည် ခိုသင့်ပါတယ်။
ဖုန်းတွေဘာတွေ အားအပြည့်သွင်းထားပါ၊ မလိုပဲ မသုံးပါနဲ့၊ မုန်တိုင်းပြီး နောက် ၂၄ နာရီလောက် တိုင်ပတ်တတ်ပါတယ်။ ဆေးဝါး၊ အစားအစာ၊ ရေ အနည်းဆုံး တရက်စာ ကိုယ်နဲ့မကွာ သယ်ထားပါ။ မုန်တိုင်းက ညဝင်မှာမို့ အလင်းရစေမယ့် လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲ အဆင်သင့်ပြင်ထားသင့်တယ်။
ကျန်တာတော့ မိမိလိုအပ်ချက်ပေါ်မူတည်ပြီး လိုအပ်တာ ဖြည့်ပြင်ဆင်ထားပေါ့။ လေတိုက်နှုန်း ၁၈၄ ကီလိုမီတာ ဆိုတာ များလွန်းတယ်။
ကိုကျော်စွာမင်း (ပုဂံ)