မုံရွာမှာ ဖမ်းမိခဲ့တဲ့ မိကျောင်းရဲ့ နောက်ဆက်တွဲ သတင်း (လွတ်နေတဲ့ မိကျောင်းတွေကို လိုက်ဖမ်းလျက်ရှိ)

မုံရွာမှာ ဖမ်းမိခဲ့တဲ့ မိကျောင်းရဲ့ နောက်ဆက်တွဲ သတင်း (လွတ်နေတဲ့ မိကျောင်းတွေကို လိုက်ဖမ်းလျက်ရှိ)

မုံရွာမြို့တွင် ဖမ်းမိခဲ့သော မိကျောင်းကို တိုင်းအစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်မြို့ရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

မုံရွာမြို့ ကန်သာဦးရပ်ကွက် ရတနာလမ်းဘေးရှိ ရေမြောင်းအတွင်းမှ အရှည်နှစ်ပေကျော် မိကျောင်းတစ်ကောင်ကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းမိခဲ့ပါတယ်။

“မိကျောင်းစခန်းကိုပို့ဖို့ တိုင်းအစိုးရအဖွဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ ရွှေဘိုမြို့မှာ ထိန်းသိမ်းထားတယ်။ အခုတွေ့တဲ့ မိကျောင်းက ထိုင်းမိကျောင်းမျိုး အရှည်နှစ်ပေကျော်၊ သက်တမ်းက တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်။ တချို့က တရားမဝင်မွေးတာဖြစ် နိုင်သလို ပြည်ပပို့တာတွေလည်း ဖြစ်နိုင်တယ်။ ဟိုဘက်က ပိတ်ထားတော့ ဒီမှာလာလွှတ်တာ ဖြစ်နိုင်တယ်”ဟု ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဖမ်းမိသော မိကျောင်းမျိုး သည် မြန်မာနိုင်ငံတွင် တွေ့ရသည့် မိကျောင်းမျိုးမဟုတ်ဘဲ ရေ ချိုမိကျောင်း မျိုးနွယ်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မိကျောင်းဖမ်းဆီးခဲ့သော မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီ ဇော်က ဖမ်းမိတဲ့ ‘‘မိကျောင်းကိုငါးလုပ်ငန်းဦးစီးဌာနကို အပ်နှံထားတယ်။ ကျန်တဲ့မိကျောင်းတွေကို ဆက်ရှာနေပါတယ်’’ဟု စက်တင်ဘာ ၁၂ ရက် နံနက်က ပြောပါတယ်။

အဆိုပါ မိကျောင်းမျိုးနွယ်များသည် ရေတွင် ကြာရှည်စွာ ငုပ်လေ့မရှိဘဲ ရေပေါ်တွင် အသက်ရှူလေ့ရှိကာ ရေသာမက ကုန်းပေါ်တွင်ပါ နေထိုင်ကျက်စားလေ့ရှိကြောင်း မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ ကန်သာဦးရပ်ကွက် ရတနာလမ်း မြေသားဖို့ရန် ဘက်ဟိုးတူးဖော်ထားသည့် ရေမြောင်းအတွင်း မိကျောင်းများ ရောက်နေသည်ကို စက်တင်ဘာ ၁၁ ရက် နံနက်က အနီးရှိ နေထိုင် သူများ တွေ့ရှိပြီး မီးသတ်တပ်ဖွဲ့ ဖမ်းဆီးရာသို့ လူရာနှင့်ချီကာ လာရောက်ကြည့်ရှုခဲ့ကြောင်း ကန်သာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page