မုန်းတိုင်း မဝင်ခင် စစ်တွေကမ်းခြေမှာ ထူးဆန်းတဲ့ သဲချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်နေ

စစ်တွေကမ်းခြေမှာတော့ ထူးထူးခြားခြား သဲချိုင့်ခွက်ကြီးတွေ စတင်ဖြစ်နေပြီလို့ ဒေသခံ တယောက်က တင်ထားတယ်..

မုန်တိုင်း တနာရီ မိုင် ၁၀၀ လောက်နဲ့ ဝင်ဆောင့်တာ ခံရမယ့် စစ်တွေ နဲ့ ကျောက်ဖြူက မိတ်ဆွေတွေ အတွက် စိတ်ပူတယ်.. ဆူနာမီတုန်းကလဲ ခုလို ပုံမှန်မဟုတ်တဲ့ လဏ္ခာတွေ ပြတယ်.. အဲတုန်းက သတိမထိထားကြ အတွေ့အကြုံ မရှိကြသေးလို့..

ခုတခါကတော့ လူသာအဓိက.. လွတ်နိုင်သလောက်သာ ကမ်းခြေနဲ့ ဝေးဝေးပြေးပေတော့.. အမြင့်ပေ အနည်းဆုံး ၃၀ ကျော်လောက် မြင့်မယ့်နေရာတွေ ခိုင်ခံတဲ့ အဆောက်အဉီးတွေဆီ ကြိုရှောင်ထားကြပါ.. လေ့လာမိသလောက် လိုက်ရှာကြည့်တာ စစ်တွေ ကမ်းခြေနားကို ရိုက်ခတ်မယ့် ဒီလှိုင်း အမြင့်က ၁၉ ပေ ၂၀ နီးပါး ရှိပါတယ်.. ၂ ထပ်တိုက် အမြင့်နီးပါး ရှိပါတယ်.. ခြောက်တာ လှန့်တာ မဟုတ်ပါ.. အားလုံးအတွက် စိုးရိမ်ရလို့ပါ.. (နော်ဂဲလယ်ထူး)

သတင်းအပြည့်အစုံမှာ..

ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်တွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့ကစပြီးတော့ စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်တွင် တစ်ကြိမ် တစ်ခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမျိုး မရှိသည့် ချိုင့်ခွက်များ ဖြစ်ပေါ်နေတာလို့ဆိုပါတယ်။

ဒေသခံ ရွှေစေတီဆရာတော်က “စစ်တွေ ကမ်းခြေ မှာ ထူးဆန်းမှုတစ်ခု အခြေအနေကတော့ အရင်က သဲပြင်က ညီနေတာ အခု ပင်လယ်က မိုခါ မုန်တိုင်း စုပ်ယူနေတဲ့သဘော သဲပြင်မှာ အဝိုင်းအဝိုင်းတွေ နိမ့်ကျလာနေတာ တွေ့ရတယ်” လို့ ယနေ့ မေလ ၁၂ ရက် နေ့လယ် ၁၂ နာရီက လူမှုကွန်ယက်မှ တစ်ဆင့် မိန့်ကြားထားပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကာ လက်ရှိမှာယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page