တောင်ဒဂုံက မျောက်သောင်းကျန်းနဲ့ မရမ်းကုန်းက စပါးအုံးမြွေကြီးကို တရက်ထဲ ဖမ်းမိ
တောင်ဒဂုံက မျောက်သောင်းကျန်းနဲ့ မရမ်းကုန်းက စပါးအုံးမြွေကြီးကို တရက်ထဲ ဖမ်းမိ
ယနေ့ နေ့လယ် (၂)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးအမှတ်(၁၄၀)ရပ်ကွက်၊ ပျိုးဥယျာဉ်ခြံအတွင်း မွေးထားသော မျောက်(၁)ကောင်လွတ်သွားပြီး
ပတ်ဝန်းကျင်ရှိပြည်သူများ အထိတ်တလန့်ဖြစ်နေ၍ လာရောက်ဖမ်းဆီးပေးရန် အကူအညီတောင်းခံသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပြီး လှော်ကားဥယျာဉ်သို့ လွှတ်ပေးခဲ့ပါသည်။
ထို့အပြင် ယနေ့ ၉.၁၂.၂၀၂၀ ရက်နေ့၊ ၀၆၃၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အာဇာနည်လမ်းရှိ နေအိမ်ခြံအတွင်း မြွေ(၁)ကောင်ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သွားရောက်ဖမ်းဆီးပေးခဲ့ပြီး စိတ္တသုခတပ်ဦးကျောင်းတိုက် မြွေခြံသို့ သွားရောက်လွှတ်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့