တပတ်အတွင်း မိုးလေဝသအခြေအနေ (ဒီဇင်ဘာလ ၁၅ မှ ၂၃ အထိ) (မိုးလေဝသပညာရှင် ဦးချစ်ကျော်)
တပတ်အတွင်း မိုးလေဝသအခြေအနေ (၂၀၂၀ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ) (မိုးလေဝသပညာရှင် ဦးချစ်ကျော်)
ဒီတပါတ်မှာ အထက်ပိုင်းအလယ်ပိုင်း အရှေ့ပိုင်းဒေသတွေ ဆက်လက်အေးနေဦးမှာ ဖြစ်သလို လာနီညာ အကျိုးဆက်ကလည်း နောက်ထပ် လေပွေလှိုင်းတခုထပ်ဖြစ် အုံးမှာဖြစ်ပါတယ်။
ဒါပေမဲ့ မြေက်လေအေးရဲ့ဖိထားမှုကြောင့် လေပွေလှိုင်းတွေဟာ မြောက်ကို သိပ်မတက်နိုင်တာမို့ မြန်မာပြည်ဘက် ထိခိုက်မှု သက်သာစေပါတယ်။ (သီရိလင်္ကာဘက်ကိုသာ သွားနိုင်ပါတယ်)
အခြားတဘက်က ကြည့်ပြန်ရင်တော့ မိုးအနည်းငယ်ကို မျှော်လင့်နေသူ စိုက်ပျိုးရေးသမားများအတွက်တော့ မျှော်သလောက် မိုးမရနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလေပွေလှိုင်းလေးဖြစ်လာချိန် ဒီဇင်ဘာ ၁၈၊ ၂၀၊ ၂၁ ရက်တွေမှာတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ မိုးကွက်ကျားမှ ကျဲကျဲ လက်မဝက်ခန့် ရွာနိုင်တာကို သတိပြုစေလိုပါတယ်။
ပင်လယ်ပြင်က ရေလုပ်သားများလည်း လေပွေလှိုင်း သက်ရောက်နိုင်မှုကို သတိထားသင့်ပါတယ်။ (ဒီနှစ်က လေပွေလှိုင်းတွေကြောင့် မွန်နဲ့ တနင်္သာရီကို မကြာခဏ မိုးပေးနေတာကို စိုက်ပျိုရေးနဲ့ ဆားတောင်သူတွေသတိပြုစေလိုပါတယ်)။
ခရစ်စမတ်ကာလအထိတော့ တောင်ပိုင်းမှအပ တပြည်လုံး နီးပါး အအေးပိုနေအုံးမည်။ ဒီဇင်ဘာနောက်ပိုင်းမှ အအေးပြန်လျော့ နိုင်ခြေရှိပါတယ်။
မိုးလေဝသပညာရှင် ဦးချစ်ကျော်