ရပ်ကျေးအုပ်ကြီးကိုပဲ ရွေးလို့ရတဲ့ ပြည်သူတွေနဲ့ မိုးကျရွှေကိုယ် ထွေအုပ်များ

ရပ်ကျေးအုပ်ချုပ်ရေးမှုးဘဲ ပြည်သူက ပါဝင်ရွေး ချယ်လို့ ရမယ် မြို့နယ် ခရိုင် တိုင်းထွေအုပ်တွေကတော့ မိုးကျတွေပဲ…

တချို့ ရပ်ကျေးတွေက ဘယ်လောက်တွန်းတိုက် ကောင်းတာ လုပ်ချင်ပေမယ့် အပေါ်က လူတွေရဲ့လက်ခုပ်ထဲက ရေ …တခါ တချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ကလည်း ချို့ ယွင်းချက်တွေရှိ

နောက်ပြီး အရပ်သားအစိုးရခန့်တဲ့ ထွေအုပ်ဝန်ကြီးက မိုးကျ ..ကိုယ်တွေ ပြည်သူက ဘာမျှော်လင့်လို့ ရမလဲ…

ခု ပြောင်းလဲလာတဲ့ ထွေအုပ် သမ္မတအောက်ရောက် ဥပဒေအရ သမ္မတက ထွေအုပ် ဝန်ကြီးကိုခန့်အပ် ထွေအုပ်ဝန်ကြီးက မြို့နယ် ခရိုင် တိုင်း ထွေအုပ်ကိုခန့် လုပ်ရမှာဆိုတော့ကာ ကိုယ့်အရပ်သား ထွေအုပ်ဝန်ကြီးကိုခန့်ပြီး မြို့နယ် ခရိုင် တိုင်းအဆင့် မိုးကျထွေအုပ်အများစုကို ကြတ်မတ် ပြောင်းလဲရမှာ လိုအပ်ရင်အရပ်သား တကယ်အရည်အသွေးရှိသူတွေနဲ့ အစားထိုးသွားရမှာပါ .. တကယ်ပြောင်းလဲပြီး ပြည်သူကို မျက်နှာမူလာနိုင်တဲ့ သူတွေကိုတော့ ဆက်ထားရမှာပေါ့…

ရပ်ကွက်အဆင့်လေးပဲ ပြည်သူကရွေးချယ်နိုင်တာ ဒါကိုမှ အရပ်သားအစိုးရက ကိုယ်ခန့်ခွင့်ရှိတဲ့ ထွေအုပ်ဝန်ကြီးနေရာကို နိုင်ငံရေး ဝမ်းစာ/ နိုင်ငံရေးသမာဓိရှိရှိနဲ့ ပြတ်ပြတ်သားသား ကြိုးကြိုးစားစား စည်းရုံးရေးကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မယ့် အရပ်သားဝန်ကြီးကို မခန့်ဘဲ မိုးကျခန့်ရင်တော့ သွားရောပေါ့…

ကိုယ်တွေပြည်သူတွေက ဘာမျှော်လင့်လို့ ရတော့ မှာလဲ…

Ah Linkar Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page