နိုင်ငံတော် ထောက်ပံ့ကြေး လုံးဝ မရသေးတဲ့ မုန့်ဖက်ထုပ်သည် မမိုးမိုးထွေး

သတင်းတော့ထူးပါပြီ …မနေ့ကဒီပုံလေးတွေနဲ့ကျနော်ပိုစ့်တင်လိုက်တာ ဒီနေ့ မိတ်ဆွေတစ်ဦးမှ သတင်းပေးကွန်မန့်ရေးလာပါတယ် ။ ဖုန်းနံပါတ်ပါ ပါတဲ့အတွက် ကျနော်အခုဘဲ ဖုန်းဆက်မေးကြည့်လိုက်တော့ သူမ ဖြေသွားတဲ့ အတိုင်း ပြန်လည်တင်ပြပေးပါမယ် ။

သူမ အမည်က မမိုးမိုးထွေးပါ ။ သူမ နဲ့အတူပါလာတဲ့ကလေးက သူမ သားပါ ။ သားလေးနံမည်က သူရိန်ထွေးလို့ခေါ်ပါသတဲ့ ။ အသက် ၅ နှစ်ကျော်ဘဲရှိပါသေးတယ် ။ ကျောင်းမနေရသေးပါ ။ ကိုဗစ် ပြီးလို့ကျောင်းတွေပြန်ဖွင့်ရင် KG တက်လို့ရပါပြီ။ သူမ တို့နေရပ်လိပ်စာက ကြည့်မြင်တိုင်တစ်ဖက်ကမ်း အောက်ရုံရက်ကွက် ၊ ဇေယျ သုခလမ်းမှာနေတယ်ပြောပါတယ်။ အိမ်နံပါတ်မရှိ။

အဲ့ဒိကနေ မုန့်ဖက်ထုပ်သယ်ပြီး ရန်ကုန်ဘက်မှာ သားလေးနဲ့အတူလိုက်ရောင်းပါတယ်။ ယခု သူမ တို့ ကိုရောင်းခွင့်ပိတ်ထားတယ်လို့သိရပါတယ် ။ ထပ် ပြီးသိရတာက သူမ က Single Mother တစ်ဦးလို့ဆို ရပါမယ်။ သူမ သားလေးကိုယ်ဝန် ၆ လမှာသူ့အမျိုး သားက စွန့်ပစ်ထားခဲ့တာ အခုချိန်ထိပေါ့။ ဒါကြောင့် မိသားစုအနေနဲ့ သူတို့သားအမိသာရှိပါသတဲ့ ။ သူတို့သားအမိဘဲ လုပ်ကိုင်စားနေတဲ့သဘောပေါ့ဗျာ ။

နောက်ဆုံးတစ်ချက်သိရတာအတော်စိတ်မကောင်းစရာဘဲ ။ နိုင်ငံတော်အစိုးရမှထောက်ပံ့နေသော အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေကို သူမ တစ်ပြားမှမရဘူးပါတဲ့။ ကျနော်သေသေချာချာ အကြိမ်ကြိမ်မေးတယ် သူမ မရကြောင်းပြောပါတယ်။ အသံလဲဖမ်းထားပါတယ်။ သူတို့ရက်ကွက်အုပ်ချုပ် ရေးမှုးနဲ့စကားပြောချိန် သက်သေရအောင်ပါ ။

ဆန် ၅ ပြည်တစ်ခါ ၃ ပြည်တစ်ခါ ပေါင်း ၈ ပြည် တော့ရဘူးကြောင်းနဲ့ ထောက်ပံ့ငွေတစ်ပြားမှမရဘူးကြောင်း သူမ ထံမှ သေသေချာချာ အတည်ပြုချက် ကျနော်ယူထားပါတယ်။ အမှန်တော့ နိုင်ငံတော် အစိုးရအနေနဲ့ အခြေခံလူတန်းစားများဆိုတဲ့သက် မှတ်ချက်က ဒီလိုလူတန်းစားတွေကိုရည်ညွှန်းတာ မဟုတ်ဘူးလား ။ အားကိုးရမဲ့လင်သားလဲမရှိ လူမမယ်သားလေးကို လက်ဆွဲပြီး ဝမ်းစာရှာနေရတဲ့ သားအမိက အခြေခံလူတန်းစားမဟုတ်ဘူးလား ။

ဒီသတင်းကျနော်တို့ဆက်စုံစမ်းလို့ မှန်ကန်ခဲ့ရင် အဲ့ဒိ အောက်ရုံရက်ကွက်အုပ်မှုးနဲ့စကားပြောရပါလိမ့်မယ် ။ အထက်ပါအကြောင်းကိစ္စတွေကတော့ မုန့်ဖက်ထုပ်သားအမိနဲ့ အခုဘဲ ကျနော်ဖုန်းပြောရင်း သိခဲ့ရတဲ့ကိစ္စတွေပါ ။

ဆိုတော့ မိတ်ဆွေတို့အနေနဲ့ သူမ နဲ့ဆက်သွယ်ပြီး တိုက်ရိုတ်ကူညီကြမှာလား ။ သို့မဟုတ် ကျနော် မှတဆင့် သူမ တို့သားအမိအတွက် အခြေခံစားကုန်များကို ဝယ်ခြမ်းပို့ပေးစေချင်သလား ဆန္ဒရှိသလို ဆုံးဖြတ်ပါ ။ ပုံ ၃ ကတော့ သူမ၏ ဖုန်းနံပါတ်နဲ့တကွ သတင်းပေးလာသော ကွန်မန့်ကို ss တင်ထားတာပါ။ ကိုယ်တိုင်ဆက်သွယ်မေးမြန်းကြည့်ပေါ့။

အခုဘဲ မမိုးမိုးထွေး၏ အိမ်ဘေးမှ ထပ်မံပြောပြချက်အရ မမိုးမိုးထွေးက စာမတတ်ပါ ။ ပထမ တစ်ခါ နိုင်ငံတော်မှဆန်ဝေတော့ သူက စာရင်းသွားပေးပါတယ် ။ သူ့အိမ်ထောင်စု ဇယားမှတ်ပုံတင်နဲ့ပေါ့ ။ အဲဒီတုန်းက ဆန်ရခဲ့သတဲ့ ။ နောက်ထပ် နိုင်ငံတော်က ထောက်ပံ့ငွေပေးတော့ သူတို့လူကြီးက ဒါ နင့်ယောင်္ကျားနံမည်နဲ့ ၊ နင်နဲ့နင့်ယောင်္ကျားကကွဲနေ တာဆိုတော့ ထောက်ပံ့ငွေပေးလို့မရဆိုပြီး မပေး တော့ဘူးဗျာ ။ ကဲ ကြည့်စမ်း ယုတ်မာတာ ။ အခု ၂၀၀၀၀ သုံးခါရှိပြီ။ တစ်ပြားမှမရဘူးတဲ့ ။ ကျနော် ရက်ကွက်လူကြီးဖုန်းနံပါတ်တောင်းခိုင်းထားပါတယ်။

Sua Sponte .

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page