မြူးဇစ်ဇုန်ပိုင်ရှင်ကို အာဏာပိုင်များက ထုတ်မပြော၊ တရားစွဲရန် အထက်အဆင့်ဆင့်သို့ တင်ပြထားဟုဆို

မြူးဇစ်ဇုန် ပိုင်ရှင်ကို အာဏာပိုင်များက ထုတ်မပြော၊ တရားစွဲရန် အထက်အဆင့်ဆင့်သို့ တင်ပြထားဟုဆို

တစ်နေရာတည်းတွင် ပိုးတွေ့လူနာအများအပြားတွေ့ရှိရသော မြူးဇစ်ဇုန် ကာရာ အိုကေဆိုင်ပိုင်ရှင်အား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ အရ တရားစွဲဆိုနိုင်ရန် အထက် ဌာနအဆင့်ဆင့်သို့ တင်ပြထား ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ထိုက်က အတည်ပြုပြောကြားလိုက်ပါတယ်။

လက်ရှိ အခြေအနေတွင် စက်တင်ဘာ ၁၂ ရက်နံနက်အထိ လူနာအမှတ်(၇၄၁)မှတစ်ဆင့် မြူးဇစ်ဇုန် ဆိုင်ဝန်ထမ်းများ ဖြစ်သော (၃၂) နှစ်အရွယ်အမျိုးသမီး လူနာအမှတ်(၁၀၆၁)နှင့် (၂၅)နှစ်အရွယ်အမျိုးသမီး လူနာ အမှတ်(၁၀၆၂)တို့ထံ ရောဂါ ကူးစက်ခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းချင်းဆင့်ပွင့်ကူးဆက်မှုမှာ ၉၂ ဦး ရှိကြောင်း ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့ (ဆိုင်ရှင်အား တရားစွဲဆိုရန်)ဒါနဲ့ပတ်သက်လို့ မြို့နယ်ကိုဗစ်ကော်မတီမှာ အစည်းအဝေးလုပ်ပါတယ်။ ဆက်လက်တရားစွဲဆိုဆောင်ရွက်နိုင်ဖို့ အတွက် အထက်ဌာနအဆင့်ဆင့် ကို တင်ပြသွားပါမယ်။ အဲဒီလို တင်ပြပြီးတော့မှ ဆက်လက် ဆောင်ရွက်ရမယ့်အနေအထား ဖြစ်ပါတယ်”ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။

ရောဂါကူးစက်ပြန့်ပွားမှုအ ခြေအနေကြောင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်ပိုင်များက တ ရားစွဲဆိုရန် စီစဉ်လျက်ရှိသော မြူးဇစ်ဇုန်ကေတီဗီ ဆိုင်တွင် ဝန်ထမ်း ၁၁၅ ဦးရှိပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ မှာ အငြိမ်းစားအဆင့်မြင့်အရာ ရှိကြီးတစ်ဦးနှင့် ဆက်စပ်နေသူဟု ထင်ကြေးပေး ပြောဆိုမှုများရှိ သော်လည်း ဒေသအာဏာပိုင်များကမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ် ကော်မတီ နာယကတစ်ဦးဖြစ် သော တိုင်းလွှတ်တော်အမတ်ဦးမောင်မောင်ဦးက “လောလော ဆယ်တော့ ဆိုင်ရှင်ဘယ်သူဖြစ် တယ်ဆိုတာကို ထုတ်ဖော်ပြော ဆိုဖို့မရှိသေးပါဘူး။ တရားရုံးမှာ တရားစွဲဆိုမှုလုပ်ဆောင်တဲ့အခါ ကျမှ တရားဝင်ချပြမှာဖြစ်ပါ တယ်” ဟု ပြောပါတယ်။

အဆိုပါဆိုင်ရှင်ဖြစ်သူအား တရားစွဲဆိုရာတွင် ဆိုင်တည်ရှိရာ သင်္ဃန်းကွန်းမြို့နယ်၊ ဇဝနရပ် ကွက်အုပ်ချုပ်ရေးမှူးက တရား လိုပြုလုပ်တိုင်တန်းကာ ဥပဒေ ကြောင်းအရတရားစွဲဆိုနိုင်ရေး စီစဉ်ထားပြီး အထက်ဌာနများ ထံမှခွင့်ပြုချက်ရသည့်နှင့် အ ကောင်အထည်ဖော်သွားရန်စည်း ဝေးဆုံးဖြတ်ထားသည်ဟု ၎င်းက ရှင်းပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page