ဘုန်းကြီးကို လစဉ်ကြေး (၃) သိန်း၊ (၅) သိန်းပေးပြီး ဦးဆောင် အလှူခံခိုင်းတဲ့ အလှူခံအဖွဲ့များ

“အလှူခံ ပြဿနာ”

ယနေ့ အလှူခံဖွဲ့ နှစ်ဖွဲ့ကိစ္စ ဖြေရှင်းပေးခဲ့ရ။ ဖြေရှင်းတယ်ဆိုတာကလဲ တစ်ပါးတည်း ဖြေရှင်း၍ မရပါ။ အဖွဲ့ကဆရာတော်တွေ စုံညီစွာ သဘောတူညီချက်ရမှ ဖြေရှင်း ဆောင်ရွက်ရတာပါ။

တဖွဲ့က ဆင်အဖွဲ့၊ ဆင်ဖွဲ့လို့ ဆိုကတည်းက ကျောက်ဆည်နယ်ကလို့ အားလုံး သိပြီးသားပါ။ အလှူခံမှုကိစ္စဆိုတာ တားမြစ်ကောင်းတဲ့ အရာ မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ခက်တာက အမှန်တကယ် လိုအပ်နေလို့ အခက်အခဲ ရှိနေကြလို့ အလှူခံ ထွက်တယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ရပ်ရွာတွေမှာ အမှန်တကယ်လိုအပ်နေလို့ အလှူခံထွက်တဲ့ အလှူခံဖွဲ့တွေဆိုတာ ရပ်ရွာက လူတွေ စုံစုံညီညီ ပါလေ့ရှိပါတယ်၊ ယခု အလှူခံဖွဲ့တွေက အလှူခံဌာနနဲ့ အလှူခံတဲ့ လူတွေ တခြားစီဖြစ်နေတာ တွေ့ရပါတယ်။

ဟိုတနေ့က အလှူခံဖွဲ့ဆိုလျှင် အလှူခံခိုင်းတဲ့ ဘုန်းကြီးကို တလ (၃) သိန်း ပေးရပါတယ်၊ ကျန်တာ သူတို့ ယူပေါ့။ ယနေ့ အလှူခံဖွဲ့ဆိုလျှင်လဲ အလှူခံခိုင်းတဲ့ ဘုန်းကြီးကို တစ်လလျှင် (၅) သိန်း ပေးရပါသတဲ့။ ကျန်တာတော့ တွေးကြည့်ပေတော့။ ဒီလို အလှုခံဖွဲ့တွေ ပေါများ မလာအောင် မိမိတို့ အဖွဲ့က စစ်ဆေး ထိန်းသိမ်းပေးနေရတာပါ။ သူတို့ဆီက တစ်ပြားတစ်ချက်မှ ရကြတာ မဟုတ်ပါဘူး။

တစ်ချိန်က မိမိဆရာတော်ကြီးအား မိမိမှ.. “ဘုန်းကြီးဘုရား အလှူပေးတယ်ဆိုတာ ယုတ်မြတ်မရွေး ပေးလှူရတယ် မဟုတ်လားဘုရား၊ ဒါကြောင့်မို့ မဟုတ်တဲ့ အလှူခံဖွဲ့တွေ လာကြလဲ လာကြပါစေ” လို့ စကားခေါ် လျှောက်ထားကြည့်ရာ.. “အဲဒီလိုသာ ခွင့်ပြုခဲ့ရင် ဗရမ်းပတာ အလှူခံဖွဲ့တွေ မှိုလို ပေါကုန်မှာပေါ့” လို့ ပြန်လည် မိန့်ကြားဘူးပါတယ်။

ဒါကြောင့်မို့ လှူကြတာ မလှူကြတာက အလှူရှင်တွေအပိုင်း၊ မှန်ကန်မှု ရှိ/မရှိကတော့ မိမိတို့ အဖွဲ့ရဲ့ အပိုင်းလို့ ခံယူထားပြီး မိမိတို့ ချမ်းအေးသာစံမြို့နယ်ထဲ ဝင်ရောက် အလှူခံအဖွဲ့ မှန်သမျှတော့ တွေ့ရင် တွေ့သလို စစ်ဆေး မေးမြန်း သွားကြအုန်းမှာပါလို့ တင်ပြရင်း၊ ။

သာ/ထိန်းအဖွဲ့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page