မြန်မာ့ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယရေတပ်တွင် နှစ် ၃၀ ကြာ အသုံးပြုပြီးဖြစ်

မြန်မာ့ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယရေတပ်တွင် နှစ် ၃၀ ကြာ အသုံးပြုပြီးဖြစ်

တပ်မတော်(ရေ)၏ ပထမဆုံး ရေငုပ်သင်္ဘော – မင်းရဲသိင်္ခသူ သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်မှာ မြန်မာ့ရေပိုင်နက်ရေပြင်တွင် ပြုလုပ်ခဲ့သည့် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ)တွင် ပါဝင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အဆိုပါလေ့ကျင့်ရေးအစီအစဉ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ရေ)ဝတ်စုံအားဂုဏ်ပြု ဝတ်ဆင်၍ လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

မြန်မာ့ ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အကြောင်း

မြန်မာ့တပ်မတော်က ပထမဆုံးပိုင်ဆိုင်မည့် ရေငုပ်သင်္ဘောသက်တမ်းမှာ နှစ် ၃၀ ကျော် ရှိနေပြီဖြစ်သည်။ ရုရှား နိုင်ငံထုတ် ကီလိုတန်းစား ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံး (Diesel – Electric) သည့် ရေငုပ်သင်္ဘော ဖြစ်သည်။

ကီလိုတန်း အမျိုးအစား ရေငုပ်သင်္ဘောမှာ တန်ချိန် နှစ်ထောင်ကျော်မှ လေးထောင်ဝန်းကျင်အထိ မျိုးကွဲ အမျိုးမျိုးရှိသည်။ သင်္ဘောအရှည်မှာ မီတာ ၇၀ ကျော် အထိရှိပြီး တစ်နာရီလျှင် အမြန်ဆုံး ကီလိုမီတာ ၄၀ ကျော်အထိ မောင်းနိုင်သည်။ ရေအနက် ၃၀၀ မီတာအထိ ငုပ်လျှိုးနိုင်ပြီး လေကြောင်းရန် ကာကွယ်ရေး၊ ရေအောက်ဒုံးကျည်နှင့် တော်ပီဒိုများ တပ်ဆင်နိုင်သည်။ ခန့်မှန်းဈေးနှုန်းမှာလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၂၅၀ အထိ ရှိသည်။

ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောများကို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အများဆုံး အသုံးပြုကြကြောင်း၊ ကီလိုတန်စား ရေငုပ်သင်္ဘောများသည် ဆိုဗီယက်ယူနီယံခေတ်ကပင် ထုတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာပိုင်ဆိုင်မည့် ရေငုပ်သင်္ဘောမှာ အိန္ဒိယတပ်မတော်တွင် နှစ် ၃၀ ကျော် တာဝန်ထမ်းပြီးဖြစ်သော်လည်း ရေငုပ်သင်္ဘောများမှာ အကြိမ်ကြိမ်ပြန်လည်မွမ်းမံကာ အသုံးပြုနိုင်သည့် သဘောရှိကြောင်း၊ ယင်းအပြင် လက်နက်စနစ်အပါအဝင် အခြားနည်းစနစ်များကို ခေတ်မီအောင် မြှင့်တင်နိုင်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

“အကုန်လုံးက အသစ်ပဲ လိုချင်ကြတာပေါ့။ ဒါပေမဲ့ ဒီရုရှားကနေ အသစ်စောင့်ဝယ်မယ်ဆိုရင်လည်း ဘတ်ဂျက်က အများကြီးကုန်သွားနိုင်တဲ့ အနေအထား ရှိတယ်။ ဒါပေမဲ့လည်း ဒါက လေ့ကျင့်ရေး အတွက် သုံးပြီး နောက်လာမယ့်ဟာတွေက အသစ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page