မင်းတုန်းမင်းကြီးနဲ့အတူ ထာဝရ လဲလျောင်းခွင့်ရတဲ့ မိဖုရားနှစ်ပါး
“ထိုမောင်နှံ ထာဝရ လဲလျောင်းရာ”
မြန်မာ့လူမျိုးတို့အတွက် အလေးမထားပေမယ့် ကုန်းဘောင်မင်းဆက်နဲ့ ခေတ်ပြိုင်ဖြစ်သော တရုတ်ပြည် ချင်မင်းဆက်တွေမှာတော့ အရမ်းအရေးပါတဲ့ ဓလေ့ဖြစ်တဲ့ လင်တော်မောင် ဘုရင်ကြီးနဲ့အတူ ထာဝရယှဉ်တွဲ အိပ်စက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ဖူးပါတယ်။
မြန်မာ့ပဒေသရာဇ်ခေတ် တခတ်လုံးမှာ ဘုရင်တွေ မိဖုရားတွေ နတ်ရွာစံ ကံတော်ကုန်ရင် မီးသင်္ဂြိုလ်ပြီး အရိုးတော်တွေကို လှော်ကားနဲ့တင်ပြီး ရေချလေ့ရှိပါတယ်။ အဲ့ဒီအတွက် ဒီအခွင့်အရေးဟာ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းတုန်းမင်းကြီး လက်ထက်ကစလို့ အရေးပါသူတွေကို မီးသင်္ဂြိုလ်ခြင်းထက် အလောင်းတော်ကို သလွန်နဲ့တကွ ထီးဖြူစိုက်မိုးပြီး အုတ်နန်းပြဿဒ်နဲ့ ထားကြပါတယ်။ ဥပမာ စင်္ကြာဒေဝီမိဖုရား၊ မြောက်နန်းမိဖုရား၊ မင်းတုန်းမင်းကြီး တို့ ဖြစ်ပါတယ်။
ဆင်ဖြူမရှင်မိဖုရားကြီး နတ်ရွာစံချိန်မှာ ထီးရှူံး နန်းရှူံး ဘဝနှင့် မုဆိုးမ မိဖုရားကြီးဘဝ ရောက်နေပါပြီ။ ဒါပေမယ့် အဲ့ဒီခေတ်က ပြည်သူလူထုနဲ့တကွ တော်ဝင်မျိုးနွယ်တို့ရဲ့ ကောင်းမှုကြောင့် မန္တလေးနန်းတွင်းက လင်တော်မောင်ဘုရင်ကြီးရဲ့ အနောက်ပါးက အုတ်နန်းထဲမှာ ထာဝရ အိပ်စက်နိုင်ခွင့်ရခဲ့ပါတယ်။ ထိုအခွင့်အရေးကို မင်းတုန်းဘုရင်ကြီး၏ ရွှေတိုက်စာရင်းဝင် မိဖုရား ၅၀ ကျော်တို့တွင် သူမတဦးတည်းသာ ရရှိခဲ့တာဖြစ်ပြီး ထိုအခွင့်ကို ဘုရင်ကြီးရဲ့ ငယ်ချစ်မယားကြီးလို့ ဆိုကြတဲ့ မြောက်နန်းတော်မိဖုရားကြီးလည်း မရခဲ့သလို၊ ဘုရင်ကြီး ကိုယ်တိုင်က တလေးတစား အစ်မတော်ဖုရားလို့ခေါ်ဝေါ်ခဲ့တဲ့ တောင်နန်းတော်မိဖုရားကြီးလည်း မရရှိခဲ့ပါဘူး။
ကိုးကား – ကုန်းဘောင်ရှာပုံတော်, ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး, မင်းနန်သူ, Historynotes