မင်းကင်းဦးမောင်မြင့် လေဖြတ်၍ ပါးရွဲ့သွား၊ စင်ကာပူတွင် ဆေးသွားကုပြီး ပြန်လာဟုဆို

မင်းကင်းဦးမောင်မြင့် လေဖြတ်၍ ပါးရွဲ့သွား၊ စင်ကာပူတွင် ဆေးသွားကုပြီး ပြန်လာဟုဆို

စစ်ကိုင်တိုင်းဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ လေဖြတ်၍ ကျန်းမာရေးအရ ဆေးကုသမှု ခံယူနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် ရဲ့ကျန်းမာရေး အခြေအနေ အရ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စင်ကာပှု နိုင်ငံကို သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့သိရပါတယ်။

“သူက ရွေးကောက်ပွဲမတိုင်ခင် လေဖြတ်သွားတယ် ပါးတွေရွဲ့သွားတယ် အခုကျန်းမာရေးအရ စင်ကာပှုမှာ ဆေးကုသမှုခံယူတယ်လို့တော့ သိရတယ် အခုပြန်တော့ရောက်နေပါပြီး ” လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။

ဦးမောင်မြင့်ရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ဦးမောင်မြင်ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး ။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားလိုပြုလုပ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလမှာ ဘာသာရေးလှုံဆော် ဟောပြောခဲ့တယ်ဆိုပြီး မင်းကင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page