မင်္ဂလာစျေးအပါအဝင် ရန်ကုန်မြို့ရှိ စျေးများအားလုံးကို မနက်ဖြန်က စပြီး ပိတ်လိုက်ပြီ

မင်္ဂလာစျေးအပါအဝင် ရန်ကုန်မြို့ရှိ စျေးများအားလုံးကို မနက်ဖြန်က စပြီး ပိတ်လိုက်ပြီ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာစျေးအပါအဝင် စျေးများအားလုံး စက်တင်ဘာ ၁၂ ရက်မှစ၍ ယာယီပိတ်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကပြောပါတယ်။

“မင်္ဂလာတောင်ညွှန့်တစ်မြို့နယ်ထဲတော့မဟုတ်ဘူး။ Stay Home အကျုံးဝင်တဲ့ မြို့တွေ အကုန်လုံး မှာလုပ်ရတာပေါ့။ ကျွန်တော်တို့မြို့နယ်မှာကျတော့ စျေးကြီးတွေကလည်း ရှိနေတယ်။ အဓိကကတော့ တစ်မြို့နယ်လုံးက ဆိုင်တွေမှာ ဆေးဆိုင့် မရှိမဖြစ် စားသောက်ကုန်ဆိုင်ကလွဲပြီး ကျန်တဲ့ဆိုင်တွေ ယာယီပိတ်သိမ်းရမှာဖြစ်ပါ်တယ်” ဟု ဦးလှဌေးကပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်တွင် ရန်ကုန်တိုင်းအစိုးရနှင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အစည်း အဝေးမှတစ်ဆင့် ညွှန့်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆိုင်များအနေဖြင့် ပစ္စည်းသိမ်းဆည်းနေကြ ကြောင်းလည်း သိရပါတယ်။ “မနက်ဖြန်စပိတ်ပါမယ်။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာမသိရသေးပါဘူး။ ရောဂါအခြေအနေ တည်ငြိမ်သွားပြီ ဆိုရင်တော့ ဆေးဖြန်းပြီးတော့ ပြန်ဖွင့်မှာပေါ့။ အခုလည်းညွှန်ကြားချက်အရ ပိတ်တာပါ” ဟု ယုဇနပလာဇာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာ အပါအဝင် မင်္ဂလာဈေး(ယာယီ)၊ မင်္ဂလာမွန်စျေး၊ ရွှေမင်္ဂလာ စျေး၊ မင်္ဂလာစျေးသစ်တို့သည်လည်း ယာယီပိတ်မည့်အထဲ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page