ကိုဗစ်ကူးစက်မှု အများဆုံး အမေရိကန်တွင် ခြင်မှကူးစက်သည့် ရောဂါတမျိုး ထပ်မံပျံ့နှံ့နေ

ကိုဗစ်ကူးစက်မှု အများဆုံး အမေရိကန်တွင် ခြင်မှကူးစက်သည့် ရောဂါတမျိုး ထပ်မံပျံ့နှံ့နေ

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို ထိန်းချုပ်ရန် လများစွာကြာ ကြိုးပမ်းခဲ့ရပြီးနောက် အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်မှ အရာရှိများသည် ခြင်မှတစ်ဆင့် ကူးစက်သော ပိုဆိုးရွားနိုင်သော မတူညီသည့် ဦးနှောက် ရောင်ရောဂါတစ်မျိုးကို တိုက်ဖျက် နေရပါတယ်။

မိမိတို့ပြည်နယ်တွင်း ဒေသ ၁၁ ခုတွင် မြင်း ၂၈ ကောင်နှင့် လူ တစ်ဦး ယင်းရောဂါကူးစက်ခံထား ရသည်ဟု သံသယရှိသောကြောင့် ရောဂါကူးစက်နိုင်သည့်အန္တရာယ် မြင့်မားသော ဒေသများ၌ ညအ ချိန်များတွင် ခြင်နှိမ်နင်းရေးဆေးများ ဖျန်းနေရကြောင်း မစ်ချီဂန် ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန နှင့် လူသားရင်းမြစ်ဌာနက ပြောကြားလိုက်ပါတယ်။

ယင်းဦးနှောက်ရောင်ရောဂါသည် အနောက်အလယ်ပိုင်းရှိ ဒေသများအပါအဝင် အမေရိကန်အရှေ့ပိုင်းတစ်ဝန်းတွင် ပျံ့နှံ့နေသော်လည်း ယေဘုယျအားဖြင့် လူသားများတွင် အဖြစ်နည်းကြောင်း ရောဂါထိန်းချုပ်ကာ ကွယ်ရေးဌာန CDC က ပြောပါတယ်။

ယင်းရောဂါကူးစက်ခံရသူများ၏ ၃၀ ရာခိုင်နှုန်း သေဆုံးပြီး ရေရှည်အာရုံကြောထိခိုက်မှုများ နှင့် ကြုံတွေ့ရလေ့ရှိပါတယ်။ ၂၀၂၀ စက်တင်ဘာ ၉ ရက် အထိ အမေရိကန်နိုင်ငံတစ်ဝန်း ယင်းရောဂါကူးစက်သူ ငါးဦးသာ ရှိသေးကြောင်း သိရပါတယ်။

ယင်းအရေအတွက်တွင် မစ်ချီဂန်ပြည်နယ်၌ ကူးစက်မှု ပါဝင်ခြင်းမရှိသေးပါဘူး။ ယင်းရောဂါပျံ့နှံ့မှုကို တုံ့ပြန်ရေးအရာရှိများ အလျင်အမြန် ဆောင်ရွက်နေရကာ အပင်အခြေခံပိုးသတ်ဆေးများ ပက်ဖျန်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page