သာကေတ မိကျောင်းကန်အတွင်း ရေတပေခန့် ဝင်ရောက်၊ မိကျောင်းများ မလွတ်စေရန် အထူးသတိပြုနေဟုဆို
သာကေတ မိကျောင်းကန်အတွင်း ရေတပေခန့် ဝင်ရောက်၊ မိကျောင်းများ မလွတ်စေရန် အထူးသတိပြုနေဟုဆို
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ မိချောင်းမွေးမြူထိန်းသိမ်းရေးစခန်းသို့ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) နံနက် ၆ နာရီအချိန်က မြေပြင်မှ တစ်ပေခန့်ထူးကဲဒီရေဝင်ရောက်ခဲ့သ ဖြင့် မိချောင်းများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးသတိပြုဆောင်ရွက်ထားရှိကြောင်းအဆို ပါစခန်း၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းလှိုင် ကပြောပါတယ်။
ယနေ့ ထူးကဲဒီရေဝင်ရောက်မှုမှာ ယခင် ၂၀၁၈ ခုနှစ် ဒီရေဝင်ရောက်မှုထက် နည်းပါးသည့် အတွက် စိုးရိမ်စရာမရှိကြောင်း ၄င်းကဆိုပါတယ်။
“လက်ရှိမှာ ဒီရေကတော့ ပြန်ကျသွားပါပြီ။ ၂၀၁၈ တုန်းက တက်တဲ့ ဒီရေတုန်းက အခုထက် နှစ်ပေ လောက်ပိုတယ်။ အဲ့ဒီအထဲက အုတ်တံတိုင်းတို့ မိချောင်းမွေးမြူထားတဲ့ ခြံစည်းရိုးတို့ကို အထပ်ထပ် ကာထားပြီး မြှင့်ထားပါတယ်။ မုန်တိုင်းဝင်ရောက်မှုကြောင့်လည်း ပါတာပေါ့။ စိုးရိမ်စရာ တော့မရှိပါ ဘူး” ဟု ၄င်းကရှင်းပြပါတယ်။