ပိုးကူနိုင်မှန်း သိရဲ့နဲ့ မိဘကျေးဇူးကို အသက်နဲ့ရင်းပြီး ဆပ်တဲ့ သူရဲကောင်းသား
ပိုးကူနိုင်မှန်း သိရဲ့နဲ့ မိဘကျေးဇူးကို အသက်နဲ့ရင်းပြီး ဆပ်တဲ့ သူရဲကောင်းသား
ညက အချိန်မတော်ကြီး ရောက်လာတဲ့ Positive လူနာ အသက်၇၅ နှစ် ဘဘ နဲ့ သူ့သားကို သွေးပေါင်ချိန်ပေး၊ အောက်စီဂျင်တိုင်းပေး၊ အပူချိန်တိုင်းပေး…. သားဖ နှစ်ယောက်စလုံး သွေးတိုး အခံရှိတော့သွေးတိုးနေတယ်… မနက်ကျ ထပ်တိုင်းတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။
ဒီသားဖ နှစ်ဦးနဲ့ ပတ်သက်ပြီး ပြောပြစရာလေးရှိတယ်.. ဘဘ က positive ဆိုပေမယ့် အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက်ခံထားရခြင်းမရှိဘဲ ဖခင်ကို ပြုစုဖို့ လက်မှတ်ထိုးပြီး Positive လူနာတွေ နေတဲ့ အဆောင်အထိ လိုက်လာတာတဲ့…
အခုသူ့ကို ပိုးရှိမရှိ စစ်ထားတယ်…အဖြေက positive ပဲဖြစ်ဖြစ် negative ပဲဖြစ်ဖြစ် သူကျေကျေနပ်နပ်ခံယူမယ်တဲ့ မနက် အဖျားတိုင်းရင်းနဲ့ ဘဘကပြောတယ်။ သားတို့ နဲ့ တစ်ဆောင်တည်း ကျတာ ပျော်တယ်သားရယ် တဲ့….
ကျွန်တော်ပြုံးပြီး ဘဘကို ပြောလိုက်တယ်…. ဘဘသား သူရဲကောင်းကြီး က ပိုပျော်နေမှာပါ…လို့
မင်းရသ