ထူးဆန်းတဲ့ သတ္တုတိုင်ကြီး ဗြိတိန်မှာ ထပ်တွေ့ပြန်ပြီ (စတုတ္ထမြောက် တွေ့ရှိခြင်းဖြစ်)
ထူးဆန်းတဲ့ သတ္တုတိုင်ကြီး ဗြိတိန်မှာ ထပ်တွေ့ပြန်ပြီ (စတုတ္ထမြောက် တွေ့ရှိခြင်းဖြစ်)
ထူးဆန်းတဲ့ သတ္ထုတိုင်ကြီးတစ်ခုကို ဗြိတိန်နိုင်ငံမှာ ထပ်တွေ့ခဲ့ပြန်တယ်လို့ မနေ့က သတင်းမှာ ဖော်ပြထားပါတယ်။
ဒီထူးဆန်းတဲ့ သတ္ထုတိုင်ကြီးဟာ အမေရိကန်နိုင်ငံနိုင်ငံနဲ့ ရိုမေးနီးယားနိုင်ငံတို့မှာတွေ့ရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အင်္ဂလန်တောင်ပိုင်းကမ်းခြေအလွန် wight ကျွန်းမှာ ထပ်မံတွေ့ရှိခဲ့ရတာပါ။
ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံ ယူတား ပြည်နယ်ရှိ ကန္တာရထဲမှာ ထူးဆန်းတဲ့ သတ္ထုတိုင်ကြီးကို တွေ့ရှိခဲ့ပြီး၊ သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီနောက် ရိုမေးနီးယားနိုင်ငံနဲ့ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတို့မှာ ထပ်မံတွေ့ရှိခဲ့ရပြီး၊ သိပ်မကြာခင်မှာပဲ ပျောက်ကွယ် သွားခဲ့ပြန်ပါတယ်။ အခုနောက်ဆုံး သတ္ထုတိုင်ကြီးကို ဗြိတိန်နိုင်ငံမှာ ထပ်တွေ့ခဲ့တာဖြစ်ပါတယ်။