အစိုးရနဲ့ ပြည်သူလက်တွဲမှုနဲ့ မန္တလေးမြို့ကြီး တမြို့လုံး မီးလင်းပြီ

အစိုးရနဲ့ ပြည်သူလက်တွဲမှုနဲ့ မန္တလေးမြို့ကြီး တမြို့လုံး မီးလင်းပြီ

မန္တလေးမြို့တော်ကို မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းမီးတိုင်စိုက်ထူခြင်းများကို ဦးစားပေး လုပ်ဆောင်လျက်ရှိရာ အစိုးရဘတ် ဂျက်နှင့်အတူ ပြည်သူတို့၏ စုပေါင်းအလှုဖြင့် လမ်းမီးတိုင် ၂သောင်းကျော် စိုက်ထူနိုင်ခဲ့ သဖြင့် မန္တလေးတစ်မြို့လုံးနီးပါး လမ်းမီးများ လင်းပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

“လမ်းမီးအလှူကို ၂၀၁၈ နိုဝင်ဘာလမှာ ဇနီးဖြစ်သူရဲ့ဆန္ဒအရ double arm မီးတိုင်၂၄တိုင်အတွက် ငွေကျပ်သိန်း၂၄၀ လှုဖြစ်ရာက စလိုက်တာပါ၊ ဒီနေ့အထိ အလှုရှင်များလှူခဲ့တာ လမ်းမီးတိုင် ၂၈၄၂ တိုင်ရှိသွားပါပြီ၊ အစိုးရဘတ်ဂျတ်အနေနဲ့ လည်း ၂၀၁၈ မီနီဘတ်ဂျက်မှာ ၂၀၂ တိုင်နဲ့စခဲ့တာ၊ ၂၀၁၈-၁၉ မှာ ၂၉၁၅ တိုင်နဲ့ ၂၀၁၉-၂၀ ဘတ်ဂျက်မှာ စံချိန်တင် ၁၄၉၁၃ တိုင်စိုက်ထူခဲ့ပါတယ်၊ ဘတ်ဂျက်နဲ့ ပြည်သူအလှူ စုပေါင်းစိုက်ထူခဲ့တာ ၂၁၀၈၅ တိုင်ရှိသွားလို့ တစ်မြို့လုံးနီးပါး လင်းထိန် နေပါပြီ၊ ၂၆လမ်း ပလက်ဖောင်းမီးထွန်းဖို့အတွက်လည်း မကြာခင်ပစ္စည်းတွေရောက်ပါမယ်”ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

NLD အစိုးရလက်ထက် အစပိုင်းအချိန်တွင် လမ်းမီးတိုင်များ စိုက်ထူထွန်းညှိပေးခြင်းအစီအစဉ်ကို စတင် နိုင်ခြင်း မရှိသေးဘဲ ၂၀၁၈ ခုနှစ်အတွင်းမှသာ စတင်လုပ်ဆောင်နိုင်ခဲ့ခြင်းဟု သိရပါတယ်။

“အရပ်သားအစိုးရလက်ထက် ပြောင်းလဲသွားတဲ့ မြို့တော်ရဲ့ လမ်းမီးတွေကို ပထမဆုံးနှစ်မှာ စနစ်မပြောင်း နိုင်သေးဘဲ ပျက်နေတဲ့လမ်းမီးတွေကို အစားထိုး၊ မရှိသေးတဲ့နေရာတွေကို မူလဓာတ်တိုင်ပေါ်မှာ မီးသီး တပ်တဲ့ အဆင့်မှာပဲရှိခဲ့တာပါ၊ အလင်းအား လုံလုံလောက်လောက် မရရှိခဲ့ပါဘူး၊ ၂၀၁၈ မီနီဘတ်ဂျက်ကစ ပြီးလမ်းမီးအသစ်တွေကို Streetlight techonology အရ တိုင်အမြင့်၊ arm length and angulation၊ LED မီးသီးရဲ့ ဝပ်အား၊ လမ်းအကျယ်ပေါ် မူတည်ပြီး တိုင်တစ်တိုင်နဲ့ တစ်တိုင် အကွာအဝေးကို တွက်ချက်ပြီးမှ စိုက်တာဖြစ်လို့ အလင်းအားပိုကောင်းပြီး ညီညီညာညာ ရှိလာပါတယ်”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဆက်လက် ပြောပါတယ်။

လမ်းမီးတိုင်များ စိုက်ထူထွန်းညှိပေးနေရခြင်းမှာ မန္တလေးမြို့တွင် ညဘက်လမ်းအသုံးပြုသူများ အန္တရာယ် ကင်းစွာ သွားလာနိုင်စေရန်နှင့် မှုခင်းဖြစ်ပွားမှုများ လျော့ကျလာစေရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ပေး ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ညပိုင်းအပြင်ထွက်နိုင်တဲ့ အခွင့်ရေးရရှိစေဖို့၊ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့၊ ရာဇဝတ်မှုတွေ လျော့နည်း စေဖို့စတဲ့အကျိုး ကျေးဇူးတွေ ရရှိလာစေဖို့ ရည်ရွယ်ပြီး မြို့တော်စည်ပင် သာယာရေးကော်မတီက လမ်းမီး တိုင်တွေကို စီမံချက်ချမှတ်ပြီး သေသေချာချာ စနစ်တကျ ထွန်းညှိနေတာပါ၊ လမ်းမီးတွေ လင်းထိန်လာ တဲ့အတွက် မြို့တော်လုံခြုံရေးကို အများကြီးအထောက်အကူပြုနေပါပြီ”ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ဦးခိုင်မြင့်က ပြောပါတယ်။

လမ်းမီးထွန်းရန် သီးသန့်ထုတ်လုပ်ထားသော GI Pole with Arms လမ်းမီးတိုင်များတွင် အာမခံ ၇ နှစ်ပါသော အရည်အသွေးကောင်းမွန်သည့် LED မီးသီးများကို လမ်းအကျယ်ပေါ်မူတည်၍ ၁၂၀ ဝပ်၊ ၆၀ ဝပ် များကို အသုံးပြုထားကြောင်း သိရပါတယ်။ ထို့အပြင် စိုက်ထူပြီးသည့် လမ်းမီးတိုင်များကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးအတွင်းရှိ Control Center မှ ထိန်းချုပ်နိုင်ရန်အတွက် Smart Street Light Control System LoRa Network ကိုလည်း တည်ဆောက်နေကြောင်း၊ လမ်းမီးတိုင်အားလုံး၏ အဖွင့်အပိတ်အပြင် အပူချိန်၊ စိုထိုင်းဆ၊ LED Streetlight Output Current နှင့် Distribution Panel ၏ Power ကိုပါ ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ် ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page