ရန်ကုန်မြို့တော်ဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရ (စျေးများကို လိုက်လံစစ်ဆေးစဥ် ကူးစက်ခံရဟုဆို)

ရန်ကုန်မြို့တော်ဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရ (စျေးများကို လိုက်လံစစ်ဆေးစဥ် ကူးစက်ခံရဟုဆို)

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ သူ​၏ ကိုယ်ရေးလက်ထောက် ဦးကျော်စိုးမိုး နှင့် ယာဉ်မောင်း နှစ်ဦးတို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယနေ့ညနေမှစ၍ တောင်ဥက္ကလာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

မြို့တော်ဝန်သည် ရန်ကုန်မြို့တွင်းရှိ ဈေးများအား ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိလိုက်လံစစ်ဆေးခဲ့သည်။

ထို့နောက် နေထိုင်မကောင်းဖြစ်လာသဖြင့် ဆေးစစ်မှုခံယူရာ ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page