မြောက်ဥက္ကလာ မေဓာဝီဆေးရုံက ကိုဗစ်လူနာ တယောက်ရဲ့ သံဝေဂတရား

Stay at home လို့ အမိန့်ထုတ်ခဲ့တုံးက. ကျွန်တော်. အိမ်မှာသာနေခဲ့ရင်.. အခုလို.ဘယ်သူမှမရှိတဲ့.အခန်းကြီးထဲ.တစ်ယောက်ထဲ..နေရမှာမဟုတ်ဘူး.

အခုများတော့.ဖျားနေလဲ.ကူသူမဲ့… ဝမ်းတွေသွားလို့ နုံးချိနေလည်း..ကူသူမဲ့…. အသက်ရူကြပ်မောနေလဲ.ကူသူမဲ့… မနက်မိုးလင်းလာလို့..ည.မိုးချုပ်သွားတယ်. နေလုံးကြီးလဲ.မတွေ့လိုက်ရဘူး ညဘက် ကြယ်တွေလဲမမြင်လိုက်ရဘူး. မျက်နှာကျတ်က.မီးချောင်း.ကြီးတွေအောက်မှာဘဲ. တစ်နေ့တာဖြတ်သန်းလိုက်ရတယ်.

အချိန်တန်လာပို့တဲ့.ထမင်းလေးကို.တစ်ယောက်ထဲထိုင်စား. ..ပျင်းလာရင်.လမ်းလျောက်…စာဖတ်.. တစ်ယောက်ထဲဖြတ်သန်းလာရတော့လဲ.. တစ်ရက်.တရက် ကုန်သွားဖို့ဆိုတာ.တကယ်မလွယ်တာပါ… ဖေ့ဘုတ်.မှာတက်လာတဲ့.ပန်းခြံမှာ.လူစုနေတာတွေ mask.မတက်ဘဲသွားလာနေတဲ့သူတွေ.ကို.. ကိုယ်တိုင်သာလိုက်ပြောပြလိုက်ချင်တယ်.

P လူနာတစ်ယောက်ဆိုတာက ခင်ဗျားတို့ထင်သလို.. အိပ်လိုက်စားလိုက် ဆေးသောက်လိုက် ဆိုပေမယ့်.. ဘယ်လောက်အားငယ်ရတယ်… ဘယ်လောက်.အထီးကျန်ရတယ် ကိုယ်ကျန်းမာဖို့အတွက်.ဘယ်လောက်.ကိုယ့်ကိုကို ဂရုစိုက်ရတယ်…ဆိုတာ..

ကျနော်တို့လို ရောဂါအခံ နဲ့ P သမားလေးတွေဘဲ သိမှာပါ.. အိမ်မှာနေကြပါ.မလိုအပ်ဘဲမထွက်ကြပါနဲ့. Mask.တက်ကြပါ ဆိုတာတွေက… အလကားပြောနေတာ မဟုတ်ဘူးဆိုတာ..သိသင့်ပြီ

မိုးလင်းကနေ.မိုးချုပ်ထိ.. ကျွန်တော်ရည်ရွယ်ချက်ကတော့. အိမ်ပြန်ချင်တယ်.. အားလုံးနဲ့ပြန်တွေ့ချင်တယ်.. မဖြစ်တာအကောင်းဆုံးပါ..ဂရုစိုက်ကြပါ။

သတ္တဝါ အားလုံး ကျမ်းမာကြပါစေ မြောက်ဥက္ကလာ မေဓာဝီဆေးရုံ

Naing Thura Zaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page