စနိုက်ကြော် မယားငယ်ကို ထောင်ထဲ တန်းထည့်လို့ရတဲ့ မြန်မာပြည်က ဥပဒေ (အာမခံတောင် မရပါ)

မယားငယ်အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ မြန်မာပြည်မှာရှိပါတယ်။ နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ) ဥပဒေနဲ့ပါ။ အဲ့ဒီဥပဒေနဲ့ မယားကြီးဖြစ်သူက မယားငယ်ကို တရားစွဲရင် အချုပ်တန်းကျပါတယ် အာမခံ လုံးဝ (လုံးဝ) မရပါ။

မြန်မာပြည်က မယားငယ်တိုင်းသည် နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ)နဲ့ ငြိနေသလို တစ်လင်တမယားဥပဒေကို အားပေး အားမြှောက်မှု ရာဇသတ်ကြီး ပုဒ်မ (၁၁၄)နဲ့ပါ ငြိနေကြပါသည်။

အဲ့သလို မယားငယ်ကို တရားပြန်စွဲနိုင်တဲ့ မည်သည့် မယားကြီးမဆို မယားငယ်ရဲ့ နိုင်လွတ်ဥပဒေ ပုဒ်မ (၁၀)နဲ့ ကန်းတက် တရားစွဲဆို ခံရဖို့ မရှိနိုင်တော့ပါ။ ဘယ် မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့ပါ။ တရားစွဲဖို့ ရှေ့နေ မဌားနိုင်ကြရင် အလကားရှေ့နေရအောင် NGO အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်ဆောင်ရွက်ကြပါ။

ခင်လင်းလင်းဖြူ (ဥပဒေအကြံပေး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page