မရမ်းကုန်းမှာ မြွေတွေ့ ပြန်ပြီ တပတ်အတွင်း (၂) ခါ တွေ့ရှိခြင်းဖြစ်

မရမ်းကုန်းမှာ မြွေတွေ့ ပြန်ပြီ တပတ်အတွင်း (၂) ခါ တွေ့ရှိခြင်းဖြစ်

၂၁.၁၁.၂၀၂၀ ရက်နေ့ ၊ ၁၁ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်တွင် မြွေ(၁)ကောင်တွေ့ရှိသဖြင့် ဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာသည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သွားရောက် ဖမ်းဆီးပေးခဲ့ပြီး လှော်ကားဘေးမဲတော့သို့ သွားရောက်လွှတ်ပေးခဲ့ပါသည်။

၁၇-၁၁-၂၀၂၀ (အင်္ဂါနေ့) က မြွေတွေ့ရှိခဲ့တဲ့ သတင်း

လူတယောက်ကို အသာလေးမျိုနိုင်တဲ့ ၁၅ ပေ အရှည်ရှိ မြွေကြီးတကောင် ရန်ကုန်မြို့လယ်မှာ တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းယားလိပ်လမ်းပေါ်တွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) နံနက်ပိုင်းက လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅) ပေခန့်ရှိ စပါးအုံးမြွေတစ်ကောင် တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

လမ်းသွားလမ်းလာများက စပါးအုံးမြွေကြီးကို တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးပေးရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က သွားရောက်ဖမ်းဆီးပြီးနောက် စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက် လွှတ်ပေးခဲ့သည်ဟုလည်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page