မရမ်းကုန်းမှာ ကိုဗစ်မထိန်းနိုင်တော့ဟုဆိုသည့် ကိစ္စ လုံးဝ မမှန်ဟု လွှတ်တော်အမတ် ဒဲ့ရှင်းပြီ
မရမ်းကုန်းမှာ ကိုဗစ်မထိန်းနိုင်တော့ဟုဆိုသည့် ကိစ္စ လုံးဝ မမှန်ဟု လွှတ်တော်အမတ်ဒေါက်တာမေဝင်းမြင့် ဒဲ့ရှင်းပြီ
မရမ်းကုန်းမြို့နယ်တွင်ကိုဗစ်မနိုင်တော့ဟု ဖေ့စ်ဘုတ်တွင် ဆရာ၀န်တစ်ဦးအရေးအသား မမှန်ဟု မရမ်းကုန်းပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က ရှင်းလင်း ပြောကြားပါတယ်။ စက်တင်ဘာ ၂၅ ရက်တွင် ၎င်းလူမှုကွန်ရက်မှ တဆင့်ဒေါက်တာမေ၀င်းမြင့်က ရှင်းလင်းရေးသားထားတာ ဖြစ်ပါတယ်။
“စောင့်ကြည့်လူနာ များများပိုမိုတွေ့ရှိလာပါက လက်ရှိ QC နှစ်နေရာနှ့င် မလုံလောက်ပါက ထားရန် အလက(၅)သို့ ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ကြိုတင်သွားရောက်ပြင်ဆင်ကြပါတယ်။ ယခုအခါ အွန်လိုင်းများပေါ်တွင်ပြန့်နေသော ဆရာဝန် တဦးတင်ထားသော “မနိုင်တော့တဲ့အခြေအနေဖြစ်နေပြီ ” ဆိုတဲ့ မရမ်းကုန်းမြို့နယ်နေ ပြည်သူများ စိတ်ပူပန်မှု ဖြစ်နိုင်သည့် အရေးအသားမှာ လုံးဝမမှန်ကန်ပါ ” ဖေ့ဘုတ် တင်သူရဲ့ အာဘော်သာဖြစ်ပါတယ်” ဟု၎င်းက ပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ရောဂါပိုးတွေ့ရှိမှုမှာ မြင့်တက်နေပြီး ၎င်းရောဂါပိုးတွေ့ရှိသည့် မြို့နယ်များတွင် မရမ်းကုန်းမြို့နယ်လည်း အပါအ၀င်ဖြစ်ပါတယ်။