မော်လမြိုင်မှာ “ကိုဗစ် ကိုယ်ဖြစ် ကိုယ်ခံ” အစီအစဥ် စတင်လိုက်ပါပြီ

မော်လမြိုင်မှာ “ကိုဗစ် ကိုယ်ဖြစ် ကိုယ်ခံ” အစီအစဥ် စတင်လိုက်ပါပြီ

မိမိဘက်ကသာ စကာကွယ်ပါတော့ … ပိုးတွေ့လူနာတွေရဲ့Contact ကို Q ထဲ မခေါ်တော့ပါဘူး။ မိမိအိမ်မှာ ပိုးတွေ့လူနာတွေ့ရင်ဖြစ်စေ Contact ဖြစ်သွား ရင် ဖြစ်စေ နေအိမ်ကိုသာ Home Q လုပ်ပြီး ဗွီနိုင်းကပ် ကြိုးတား အသွားအလာ ကန့်သတ်တော့မှာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေရဲ့ Contact တွေကို လိုက်ခေါ်ရင်း မော်လမြိုင်မြို့က Q Center တွေလဲ ပြည့်နေပါပြီ။ ကြာရင်လဲ မလွယ်တော့ဘူး။ ခု ပိုးတွေ့လူနာတွေရဲ့ Contact ကို Q ထဲခေါ်ပြီး မထားတော့ပါဘူး။ ပိုးတွေ့တာနဲ့ နေအိမ်ကို ကြိုးတား ဗီနိုင်းကပ် ၁၄ ရက် အသွားအလာကန့်သတ်ပါပဲ။

Contact ဖြစ်ထားတဲ့ မိသားစုဝင်တွေ အနေနဲ့ နေအိမ် ကန့်သတ် မနေချင်ဘူးဆိုရင်တော့ ကျန် မဆိုင်တဲ့သူတွေ ရောမပါအောင် Hotel Q မှာ နေလို့ရပါတယ်။ မိမိစားရိတ်နဲ့ မိမိပါ။ အစိုးရအဖွဲ့မှ မကျွေးတော့ပါ။ အရှင်းဆုံးပြောရရင် ပိုးတွေ့လူနာတွေရဲ Contact တွေ အတွက် အစိုးရက ကျွေးနေရတဲ့ Q Center မရှိတော့တဲ့ သဘောပါပဲ။ Hotel Q တော့ရှိမှာပါ။

ပြည်တော်ပြန်တွေအတွက်သာ Q Center ရှိတော့မှာပါ။ မိမိအိမ်မှာ ဗွီနိုင်းကပ်ခံရပြီး အသွားအလာ ကန့်သတ် ခံချင်ကြမယ် မထင်ပါဘူး။ မိမိဘက်က စကာကွယ်ပါ။ အဲဒီလို အသွားအလာကန့်သတ်ခံထားရတဲ့ နေအိမ်က လူတွေရဲ့ ကျန်းမာရေးကိစ္စတွေ အထွေထွေလူမှုရေးကိစ္စ တွေကိုတော့ မပစ်ထားပါဘူး။

ရောဂါလက္ခဏာပြလာတာတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ အတွက်တော့ သက်ဆိုင်ရာ ရပ်ကျေးကျန်းမာရေးအဖွဲ့ တွေ အုပ်ချုပ်ရေးမှုးတွေဆီ အကြောင်းကြားနိုင်ဖို့ ဖုန်းနံပါတ်တွေ ပေးထားမှာပါ။ Fever Clinic တွေထပ်တိုးချဲ့ပါမယ်။ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့တွေမှ လိုက်ခေါ်ပေးပြီး စမ်းသပ်စစ်ဆေးပေးကာ လိုအပ်တာတွေ ဆောင်ရွက်ပေး မှာပါ။

Positive လူနာတွေကိုသာ ဆေးရုံကြီးမှ လက်ခံကုသပေးမှာပါ ကျန်းမာရေးအဖွဲ့ရဲ့ Fever Clinic နဲ့ ပရဟိတအဖွဲ့တွေ ကတော့ အလုပ်ပိုများလာပါလိမ့်မယ်။ ဗွီနိုင်းကပ်ခံရပြီး အသွားအလာကန့်သတ်ခံထားရတဲ့ အိမ်တွေကို ဘယ်သူလာကျွေးမလဲ မမေးနဲ့။ ကျွန်တော် လဲ ဖြေမတတ်ဘူး။

ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ ရပ်ကွက်အထောက်အကူပြု အဖွဲ့တွေနဲ့ အလှူ ရှင်တွေကိုသာမေးကြပါ။ ဖြစ်ပေါ်လာမဲ့ အခြေအနေတွေကိုသုံသပ်ပြီး မိမိကိုယ်တင် မက မိမိတို့ရဲ့မိသားစုနဲ့ မိမိအိမ်ကိုပါ ကာကွယ်ကြပါ။ Stay Home နဲ့တူအောင် မနေခဲ့ကြတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ထင်ပါတယ်။ ရန်ကုန်လည်း Q center တွေမှာ အရမ်းများလာရင် အခုလိုသေချာ စီစဉ်ဖို့သင့်ပါတယ်

ဇင်မိုး
မော်လမြိုင် RESCUE ကွန်ယက်
မော်လမြိုင် ၁၀ မြို့နယ်ဆောင် CBFQ စခန်း။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page