ခိုင်နှင်းဝေ ဂေဟာရှေ့မှာ လာပြီး လာထားသွားတဲ့ မွေးကင်းစ ကလေးငယ်လေး
ခိုင်နှင်းဝေ ဂေဟာရှေ့မှာ လာပြီး လာထားသွားတဲ့ မွေးကင်းစ ကလေးငယ်လေး
သနားလိုက်တာ ကလေးရယ် မခိုင်လည်း ကြီးပွားပါစေ.. ခိုင်နှင်းဝေရဲ့ဂေဟာရှေ့မှာ ကလေးငယ်လေးကို လာရောက်စွန့်ပစ်..
ဒီနေ့ မနက် ၅ နာရီလောက်မှာ ကျမရဲ့ ဂေဟာ အရှေ့ မှာ မွေးကာစ သမီးလေး တစ်ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်.. ကလေးငိုသံကြားလို့ ထွက်ကြည့်တဲ့အခါ သမီးလေးကို အေးစက်ပီး ငိုနေတာတွေ့ရပါတယ်.. စိတ်လဲ မကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်..
ကျမ ဂေဟာရှေ့လာပစ်တာ ကျမဆီရောက်စေချင်လို့ ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဘို့ တောင်းပန်ပါတယ်.. ကလေးတွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေး အသက် ဆုံးရှူံးနိုင်ပါတယ်.. စုံစမ်းမေးမြန်းစရာတွေ စုံစမ်းပီး သမီးလေးကို ကျမတို့ “ခိုင်” မိသားစု ဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေး အဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင်..
ခိုင်နှင်းဝေ