မအူပင် စည်းပေါက်သွားပါပြီ၊ အကျဥ်းသားနဲ့ ထောင်ဝန်ထမ်း ၆၉ ဦး ကိုဗစ်ကူးစက်ခံရ

မအူပင် စည်းပေါက်သွားပါပြီ၊ အကျဥ်းသားနဲ့ ထောင်ဝန်ထမ်း ၆၉ ဦး ကိုဗစ်ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အကျဉ်းထောင်တွင် အကျဉ်းသားများနှင့်ထောင်ဝန်ထမ်း ၆၉ ဉီးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

“ကိုဗစ်ရောဂါ သံသယရှိတဲ့ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတချို့ကို အကျဉ်းထောင်မှာပဲ ကွာရန်တင်း ပုံစံထားခဲ့ပြီးတော့ ကိုဗစ်စစ်ဆေးရာမှာ လူ ၆၉ ဉီးက positive ဖြစ်နေတယ်”ဟု မအူပင်အကျဉ်းထောင်မှ အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတစ်ဉီးက ပြောပါတယ်။

ယနေ့ညတွင် ကိုဗစ်ရေားဂါပိုးတွေ့ရှိခဲ့သည့် ထောင်ဝန်ထမ်း ၃ ဉီးနှင့် အကျဉ်းသား ၃ ဉီးအား မအူပင်မြို့ရှိ အစိုးရ ကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများက ယနေ့ည ပြောင်းရွှေခဲ့ပြီး ကျန်လူနာ ၆၃ ဉီးကို မအူပင်အကျဉ်းထောင်၌ ယာယီကုသမှုပေးနေကြောင်း သိရပါတယ်။

မအူပင်ထောင်၌ ကိုဗစ်လူနာများတွေ့ရှိကြောင်းကို မအူပင်ခရိုင် ကျန်းမာရေးဌာနက အတည်ပြုသော်လည်း စစ်ဆေးဆဲဖြစ်၍ လူနာဦးရေအတိအကျ မပြောနိုင်သေးကြောင်း ပြောဆိုပါတယ်။

“လူဦးရေ ဘယ်လောက်စစ်တယ်ဆိုတာ မသိရသေးဘူး၊ ဒီနေ့တော့ ထောင်က ဆရာဝန်တွေနဲ့ သူနာပြုတွေကို PPE ဝတ်တာတွေ၊ ချွတ်တာတွေ စစ်ဆေးတာတွေကို လက်တွေ့စစ်ပြတာတွေ တော့လုပ်ပေးပါတယ်”ဟု မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာ ခင်မာစိုးက ပြောပါတယ်။

မအူပင်ထောင်တွင် စစ်ဆေးရမည့်သူ များပြားသည့်အတွက် လူစာရင်းအတိအကျ မသိရသေးသော်လည်း အားလုံးစစ်ဆေးပြီးချိန်တွင် သတင်းထုတ်ပြန်ပေးသွားမည်ဟု ၎င်းကဆက်လက် ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page