မန္တလေးကတော့ စည်းကမ်းမလိုက်နာရင် တကယ်အရေးယူကြောင်း သက်သေပြလိုက်ပါပြီ

မန္တလေးကတော့ စည်းကမ်းမလိုက်နာရင် တကယ်အရေးယူကြောင်း သက်သေပြလိုက်ပါပြီ

မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ (၅) ရက်နေ့မှ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ နှစ်ပတ်ကြာ Stay at Home ပြုလုပ်ထားပြီး သက်ဆိုင်ရာက ပြည်သူများလိုက်နာမှု ရှိ၊မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တစ်ရက်လျှင် စည်းကမ်းမလိုက်နာသည့် ပြည်သူ ၁၄၀၀ကျော် ပျှမ်းမျှ အရေးယူခံနေရကြောင်း သိရပါတယ်။

Stay at Home စသည့်ရက်မှ ၄ ရက်အတွင်း စည်းကမ်းဖောက်ဖျက် ကျူးလွန်သူ (၅၆၁၄) ဦး ရှိသည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် အစိုးရကပြောကြားပါတယ်။

ပြစ်ဒဏ်ချမှတ်လိုက်သည့် ဒဏ်ကြေးငွေမှာ ငွေကျပ် သိန်း (၂၈၀) ကျော်ရှိ သည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ကိုဗစ်ကာလ စည်းကမ်းမလိုက်နာသူများကို ဒဏ်ငွေအပြင် အခြားပြစ်ဒဏ်များပါ ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က သတိပေးစကားကြိုတင်ပြောကြား ထားပြီးဖြစ်ပါတယ်။

မန္တလေးခရိုင်အတွင်း ကိုဗစ် ရောဂါ အတည်ပြုလူနာဦးရေ များလာနေသော်လည်း ပြည်သူများအနေဖြင့် ချမှတ်ထားသော စည်းကမ်းများကို တိကျစွာ လိုက်နာကြမည်ဆိုပါက ကိုဗစ် ရောဂါ ဖြစ်ပွါးမှု မကြာမီ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူကိုအစီရင်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page