မန္တလေးဆေးရုံကြီးကနေ ထွက်ပြေးတဲ့ ကိုဗစ်လူနာ ဆိုက်ကားစီး၍ အိမ်ပြန်လာစဥ် ဖမ်းမိ

မန္တလေးဆေးရုံကြီးကနေ ထွက်ပြေးတဲ့ ကိုဗစ်လူနာ ဆိုက်ကားစီး၍ အိမ်ပြန်လာစဥ် ဖမ်းမိ

ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အနံ့ပျောက် အမျိုးသမီး (၁) ဦးကို မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညပိုင်းတွင် ၎င်း၏ အဖြေမှာ Positive ဖြစ်ပြီး လူပျောက်သွားကြောင်း ဆေးရုံကြီးမှ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့်

၎င်းနေထိုင်သော (၄၁လမ်း/ကမ်းနားလမ်းဈေး) အနီးရှိ ရပ်ကွက်နေပြည်သူများ နှင့် သံလျှက်မှော်အနောက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ တို့မှ လိုက်လံရှာဖွေ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

ယနေ့ ဒီဇင်ဘာ၁၀ရက်၊ နံနက် (၈:၁၅) အချိန်တွင် (၄၁လမ်း၊ ၈၉လမ်း+လမ်း၉၀) ကြား၌ ၎င်းလူနာမှာ ဆိုက်ကားငှါး၍ ပြန်လာသည်ကို တွေ့ရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ အကြောင်းကြားလာသဖြင့် မဟာ – လူမှုကယ်ဆယ်ရေးယာဉ် No(၇) ဖြင့် ဆေးရုံကြီး စောင့်ကြည့်အဆောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

ကိုဗစ်လူနာနှင့် တိုက်ရိုက်ထိစပ်သူ ဆိုက်ကားးဆရာကိုလည်း ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page