ကိုဗစ်လူနာတွေ ပါလာပြီး မန္တလေးဖက်ကို ထွက်ပြေးလာတဲ့ကုန်တင်ကား (၂) စီးကို ကြားဖြတ်ဖမ်းဆီး

ကိုဗစ်လူနာတွေ ပါလာပြီး မန္တလေးဖက်ကို ထွက်ပြေးလာတဲ့ကုန်တင်ကား (၂) စီးကို ကြားဖြတ်ဖမ်းဆီး

မူဆယ်မြို့မှ မန္တလေးမြို့သို့ ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထွက်ပြေး မောင်းနှင်လာသည့် ကုန်တင်ယာဉ် နှစ်စီးကို အောက်တိုဘာလ ၁၇ ရက် ည ၁၀ နာရီအချိန်ခန့်က နောင်ချိုမြို့အဝင်တွင် တားဆီးကာ ဖမ်းဆီး ရမိခဲ့ကြောင်း နောင်ချိုမြို့အခြေစိုက် ပရဟိတအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့တွင် နေထိုင်သူ (၁၂)ဘီးကုန်တင်ယာဉ် ယာဉ်အမှတ် 9I/……ယာဉ် မောင်း၊ ယာဉ်လိုက် နှင့် 4H/…… ယာဉ်မောင်း သုံးဦးတို့သည် မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျန်းမာ ရေးစစ်ဆေးစခန်းတွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရမီ မိမိတို့သဘောဖြင့် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာခဲ့ကြခြင်းဖြစ်ပါတယ်။

“သူတို့က မူဆယ်အထွက် ကျင်ဆန်းကျော့ ကျန်းမာရေးစစ်ဆေးစခန်းမှာ Swab တွေယူတယ်။ အဖြေမ ပေါ်ခင်မှာ သူတို့က ကိုယ့်သဘောနဲ့ကိုယ် ကားမောင်းပြီးထွက်လာကြတယ်။ ထွက်လာပြီးနောက်ပိုင်း အဖြေရတဲ့အခါမှာ သက်ဆိုင်ရာက သူတို့က Positive တွေ့တယ်။ လိုက်ရှာတော့မတွေ့တော့ အကြောင်း ကြားပြီး နောက်ပိုင်း သူတို့က ကျောက်မဲတိုးဂိတ်ကိုဖြတ်လာပြီလို့ သတင်းရပြီးနောက်ပိုင်း အထွေထွေအုပ် ချုပ်ရေူ ဦးစီးဌာနရယ်၊ ကျန်းမာရေးဦးစီးဌာနရယ်၊ ပရဟိတအဖွဲ့တွေရယ်က သူတို့ဆီသွားပြီးတော့ PPE ဝတ်ခိုင်းတယ် Quarantine ဝင်စေခဲ့ပါတယ်” ဟု ယင်းကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ပိုးတွေ့လူနာ သုံးဦးအား နောင်ချိုမြို့နယ်ရှိ Quarantine Center သို့ပို့ဆောင် ထားပြီး ယင်းတို့၏ လက်ရှိ ကျန်းမာရေးအခြေအနေသည်ကောင်းမွန်လျက်ရှိကြောင်း၊ ဖျားခြင်း၊ နာခြင်း၊ လည်ချောင်းနာခြင်းများ၊ ချောင်းဆိုးခြင်းများ မရှိကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page