ထိတွေ့မှု မရှိတဲ့ လူနာတွေ များလာခြင်းနဲ့ ကိုဗစ်ရဲ့ လှည့်စားမှုတွေ မန္တလေးမှာ စပြီ

ထိတွေ့မှု မရှိတဲ့ လူနာတွေ များလာခြင်းနဲ့ ကိုဗစ်ရဲ့ လှည့်စားမှုတွေ မန္တလေးမှာ စပြီ

စိတ်ညစ်စရာ တစ်ခုကို ဖြေဖျောက်လို့ကို မရနိုင်ဘူး။ လူကသာ အလုပ်ဆက်လုပ်နေရတာ။ နောက်ပြီး ကျနော့် Status တွေက ဖတ်ရင် လူတွေမှာ လူတချို့မှာ စိတ်ညစ်စရာတွေ ဖြစ်ဖြစ်သွားတတ်တော့ မရေးတော့ဘူးလို့ တွေးထားမိခဲ့ပေမယ့် ခုတော့ ရေးမှ ဖြစ်မယ်လို့ ပြောင်းတွေးရတယ်။

ဟိုးအရင် စစ်တွေမှာ ခရီးမသွားထိတွေ့မှု မရှိတဲ့ လူနာတွေ ရန်ကုန်မှာ ခရီးမသွားထိတွေ့မှု မရှိတဲ့ လူနာတွေ ကျနော်တို့ ကြားကြားချင်း တုန်လှုပ်ကြတာ မှတ်မိကြပါလိမ့်မယ်။ နောက်တော့ ဒီနေ့လို တစ်ရက်ထဲ လူနာ ၂၀၀၀ ကျော်ထွက်တဲ့အနေအထားထိ ရောက်လာခဲ့တယ်။ မနေ့က ခရီးမသွားထိတွေ့မှု လုံးဝမရှိတဲ့ သံသယလူနာ ၈ ယောက်တောင် (PUI total 26 ဆ်ုတော့ positive နှုန်းက ၄၀%) မန်းလေးမှာ တွေ့ရသတဲ့။ ကျနော်တို့ မန်းလေးလဲ ရန်ကုန်ခြေရာကို တစ်ထပ်ထည်း နင်းလာပြီ။

ပိုဆိုးတာက မနေ့က အဖျားမရှိ ခရီးမသွားထိတွေ့မှု မရှိတဲ့ လူနာ မောလို့ (Pulmonary Odemema & CKD) သာမာန်လူနာ ဆောင်ထဲ ရောက်လာတယ်။ ဒီနေ့မနက်မှာ အဖျားတက်လာလို့ Rapid Test နဲ့ စစ်လိုက်တော့ Positive ထွက်လာတယ်။ သို့သော် သတိကြီးတဲ့ ဆရာဝန်တွေက သူ့ကို သီးသန့်ခွဲထားမိလို့ ဆေးဝန်ထမ်းတွေလည်း PPE 2 ဝတ်ထားလို့ ထိတွေ့မှု မရှိဘူး။

ဆိုလိုတာက ဒီလို သာမာန်လူနာထဲကို Covid-19 လူနာ ရောလာတာ မန်းလေး အတွက် ဒါ ပထမဆုံး ပဲ။ ရန်ကုန်မှာလည်း ဒါမျိုးတွေ ဖြစ်ခဲ့တယ်။ ဖြစ်လည်း ဖြစ်တုန်းပဲ။ ဆီးချိုနဲ့လာတယ်။ ကိုဗစ်ပဲ။ ပန်းနာနဲ့ လာတယ်။ ကိုဗစ်ပဲ။ လေဖြတ်ပြီး လာတယ်။ ကိုဗစ်ပဲ။ ကိုဗစ်ရဲ့ လှည့်စားမှုတွေ မန်းလေးမှ စတင်လာပြီ။

ကိုဗစ်ဟာ အားပျော့သွားချင်ယောင်ဆောင်တယ်။ ပြီးရင် အလစ်မှာ ဝင်တိုက်တယ်။ လူတွေ သတိလစ်ဟင်းမှ ပြန်ပြန်ထတယ်။ လူတိုင်း သတိရှိဖို့ကလည်း ခက်လှတယ်။

ကျနော်က ဒါမျိုးတွေ ရေးရင် လူတွေ Panic ဖြစ်လိမ့်မယ် ဆိုပြီး တားကြတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ကြောက်တတ်သူတွေကသာ ကိုဗစ်အကြောင်း လေ့လာကြတာ။ သိလာတော့ ပိုကြောက်ကြတာ။ မကြောက်တတ်သူက သိအောင်လည်း မကြိုးစားဘူး။ မသ်တော့လည်း ကြောက်ရကောင်းမှန်း မသိဘူး။

မနက် ၇ နာရီကားပေါ်က မြင်တာလေး ပြောဦးမယ်။ လူငယ်တစ်ယောက် ဆိုင်ရှေ့မှာ တံမျက်စည်းလှည်တယ်။ Mask မပါဘူး။ ဆက်မောင်းသွားတော့ လမ်းဘေး မုန့်ဟင်းခါးဆိုင်ရှေ့မှာ တံမြက်စည်းလှည်းတယ်။ Mask မပါဘူး။ ပရဟိတ အသင်းတွေက မနက်တိုင်း သူတို့ ဆိုင်ရှေ့ ပိုးသတ်ဆေး ကြို ဖြန်းပေးထားရမလိုလို။ နောက်ဆိုင် ဆေးဘက်ဆိုင်င်ရာ ၂ဆိုင် ရောက်တယ်။ ၁ ဆိုင်က လုံးဝကို မတပ်ဘူး။

ဒီညနေက စလို့ ကျနော် New Normal တစ်ခု စပါပြီ။ ကျနော်လည်း Power Ranger ဖြစ်ပါပြီ။ အပြာကောင် မဟုတ်ဘူး။ မိုးပြာကောင်ပါ။ ဒီရှေ့က ဆေးခန်းမှာ ဝတ်တဲ့ Gown က ပိုထူတယ်။ ၄၀ မိနစ်လောက်ကို တော်တော် အိုက်တယ်။ အဲဒီက အထွက်မှာ ချွတ်ရပါတယ်။ ဒါလေးကတော့ နည်းနည်းပါးတယ်။ PPE 3 ဝတ်ရတဲ့လူတွေ ၄ နာရီ ဝတ်ရင် ဘယ်လောက်များ အနေရခက်လိုက်မလဲ ကိုယ်ချင်းစာမိပါတယ်။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page