ပြည်သူတွေအပေါ်မှာ တာဝန်ယူမှု၊ မနှစ်နာစေလိုမှုကို ပြသလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်

ဒီနေ့မနက် ဆရာဇော်ရဲ့ တာဝန်ပေးချက်အရ မနေ့က အမေစု ဘုရားဖူးလာရောက်စဉ် အရှေ့စောင်းတန်းအတွင်း ပရိသတ် များပြားလွန်းသဖြင့်၊ ခင်းကျင်းရောင်းချလျက်ရှိသော၊ ဆိုင်နှစ်ဆိုင်မှ ပစ္စည်းကျကွဲသောအသံ ကြားခဲ့ရပါတယ်။

ခေါင်းဆောင်တွေ ထက်မျက်တဲ့သတိတရားကြောင့် ကျကွဲသံကို သတိထားမိလို့ ကျွန်တော်ထံ ဖုံးဆက်ပြီး ဆိုင်ရှင်များ၏ နှစ်နာမှုများကို မေးမြန်း၍၊ ကျသင့်တန်ဖိုးကို ပြန်လည်ပေးအပ်ရန် မှာကြားခဲ့ပါတယ်။ သို့ပါ၍၊ ဂါပကအဖွဲ့ဝင်အချို့နှင့် တာဝန်ရှိဝန်ထမ်းများ ယနေ့နံနက် ကွင်းဆင်းပြီး တစ်ဆိုင်မကျန် သွားရောက် စုံစမ်း မေးမြန်းခဲ့ပါတယ်။

ပျက်စီးသွားသောပစ္စည်းများကို သွားရောက်ယူခဲ့ပြီး တန်ဖိုးကိုလည်း ရောင်းစျေးအတိုင်း ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ပျက်စီးသွားသောပစ္စည်းကို ငွေပေးလွှာကို ပုံနှင့်တကွ ပူးတွဲဖော်ပြလိုက်ပါသည်။

ဆိုင်ရှင်များအနေနဲ့ အမေ လာရောက်တဲ့အတွက် ဝမ်းသာလွန်းလို့ အလျော်မပေးရန် ပြောဆိုကြသော်လည်း ဝန်ကြီးချုပ် တာဝန်ပေးအပ်ထားတဲ့အတိုင်း ပေးချေခဲ့ကြပါတယ်။

ဆောင်ရွက်ပြီးကြောင်း သတင်းပို့လိုက်တဲ့အချိန်မှာတော့ ဝန်ကြီးချုပ်က`နေပြည်တော်ကို ဆက်ပြောလိုက်ပါမယ်။ အမေစုက သူ လာတုံးဖြစ်ရတာမို့ သူကြောင့် ပြည်သူတွေ ထိခိုက်ပျက်စီးမှုတွေကို သူအနေနဲ့ပဲ ပြန်ပေးချင်ပါတယ်´ လို့ မှာထားတာ ကိုစိုးလင်း တဲ့။

ကဲ… ပြည်သူတွေက.. ချစ်တဲ့အမေ.. ပြည်သူတွေကို.. ချစ်တဲ့အမေ.. ပြည်သူတွေ ထိခိုက်နစ်နာမှာစိုးတဲ့.. အမေ.. ပြည်သူပြည်သားတွေအပေါ် စေတနာထားပြီး ငဲ့ညှာလွန်းတဲ့အမေ…

ဝန်ကြီးချုပ်ကတဆင့် ပြောကြားတဲ့ အမေရဲ့စေတနာ စကားသံကို နားထဲမှာ ပဲ့တင်ထပ်အောင် ကြားယောင်နေမိရင်း…

အမေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဆရာဇော်တို့နဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ပါစေကြောင်း ဆုတောင်းနေမိပါတော့တယ်။

Wai Moe Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page