မန္တလေး ကိုဗစ်ဆေးရုံတွေရဲ့ လက်ရှိအချိန်ထိ လူနာအရေအတွက်

မန္တလေးမြို့ သူ/သား တွေအားလုံး ဂရုစိုက်ပါဗျာ. ၂၃.၁၁.၂၀၂၀ ရက်နေ့ အတည်ပြုလူနာကုသဆေးရုံများရဲ့ လူနာအရေအတွက်တွေကို ဖော်ပြ လိုက်ပါတယ်။

၁။ ကန်တော်နဒီဆေးရုံ— ၆၈ ယောက်(လူပြည့်)၊ ၂။ ကုတင် ၃၀၀ ဆေးရုံ – ၂၉၇ ယောက်(လူပြည့်ရန် ၃ ယောက်လို)၊ ၃။ ဆေးရုံကြီး – ၁၃၉ ယောက်(လူပြည့်ရန် ၁ ယောက်လို)

၄။ ဧရာဝတီစင်တာ – ၃၂၂ ယောက်(လူပြည့်)၊ ၅။ အလုပ်သမားဆေးရုံ – ၁၀၄ ယောက်(လူပြည့်)၊ ၆။ တိုင်းရင်းဆေး – ၁၀၃ ယောက်(လူပြည့်)

၇။ သံဃာ့ဆေးရုံ(အောင်စံ) – ၁၀၇(လူပြည့်ရန် ၃၃ ယောက်လို)၊ ၈။ ပုသိမ်ကြီး‌ဆေးရုံ – ၆၂ ယောက်(လူပြည့်)၊ ၉။ Multipurpose Stadium – ၁၆၁(လူပြည့်ရန် ၃၉ ယောက်လို)

၁၀။ ကုတင် ၅၅၀ ကလေးဆေးရုံ – ၂၃ ယောက်(လူပြည့်)၊ ၁၁ စိတ်ကျန်းမာရေးဆေးရုံ – ၃ ယောက်

ဆေးရုံတော်တော်များများ လူပြည့်နေပါပြီ။ နောက်ထပ်ဖွင့်ဖို့လုပ်နေတဲ့ အတည်ပြုလူနာကုသဆေးရုံတွေကတော့ သံဃာ့ဆေးရုံနဲ့ သူနာပြုတက္ကသိုလ်တို့ ဖြစ်ပါတယ်။

တစ်နေ့တစ်နေ့ လူနာက ၁၀၀ ကျော် ထွက်နေပါတယ်။ အနံ့ပျောက်လူနာများ ပိုများလာပါတယ်။

ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြပါရန် အသိပေးတင်ပြအပ်ပါတယ်

ZMW

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page