မန္တလေး ချမ်းအေးစည်သာစျေးအတွင်း ဝါယာကြိုးများပါသည့် မသင်္ကာဖွယ်ရာ အထုပ် တထုပ်တွေ့

မန္တလေး ချမ်းအေးစည်သာ စျေးအတွင်း ဝါယာကြိုးများပါသည့် မသင်္ကာဖွယ်ရာ အထုပ် တထုပ်တွေ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ချမ်းအေးစည်သာဈေးရှိ ဈေးသန့်ရှင်းရေးဝန်ထမ်းတစ်ဦးသည် စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၁၂ နာရီ၌ ဈေးအတွင်းသန့်ရှင်းရေးဆောင်ရွက်စဉ် ငါးရောင်းချသည့်ဈေးခုံပေါ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ၌ ဝါယာကြိုးနှင့် ဓါတ်ခဲ ၄ လုံး ချိတ်ဆက်ထားသည့် မသင်္ကာဖွယ်အထုတ်တစ်ထုတ်အား တွေ့ရှိရ၍ သက်ဆိုင်ရာထံသတင်းပို့ရာ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များပါဝင်ေသာ မိုင်းကျွမ်းကျင်သည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဆိုပါ မသင်္ကာဖွယ်အထုတ်မှာ သစ်သားပြားပေါ်တွင် အဝတ်လျော်စက်၌ အသုံးပြုသည်ဟုယူဆရသော တိုင်မာခလုတ်၊ ပါဝါဓါတ်ခဲအသေး ၄လုံး၊ တက်စတင် နန်းကြိုး၊ မီးခြစ်ဆံခေါင်း ၂ ခု၊ သစ်သားရေပေါ်စာနှင့် ဓါတ်ဆီတို့ကို အသုံးပြုကာ မီးလောင်စေရန် ပြုလုပ်ထားသော ပစ္စည်းဖြစ်ပြီး ဒီတိုနေတာနှင့် ယမ်းများမတွေ့ရသောကြောင့် ပေါက်ကွဲစေရန် မဟုတ်ဘဲ မီးလောင်စေရန်နှင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page