မန္တလေးဘဏ် ဓားပြတိုက်သွားတဲ့သူကို မိဖို့ နီးစပ်နေပြီလို့ ရဲတပ်ဖွဲ့ပြော

မန္တလေးဘဏ် ဓားပြတိုက်သွားတဲ့သူကို မိဖို့ နီးစပ်နေပြီလို့ ရဲတပ်ဖွဲ့ပြော

မန္တလေးက ယူနိုက်တက်အမရဘဏ်ကို ဓားပြတိုက်သွားတဲ့ သူကို ဖမ်းမိဖို့ နီးစပ်နေပြီလို့ မန္တလေးတိုင်း ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးကလက်ရှိအခြေအနေကိုပြောပါတယ်။

မနေ့က ညနေပိုင်း ၄ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၆၂လမ်းမှာရှိတဲ့ ယူနိုက်တက်အမရဘဏ်ထဲကို အမျိုးသားတစ်ဦးဟာ သေနတ်တစ်လက်၊ လက်ထိပ်တစ်စုံနဲ့ ဝင်ရောက်ပြီး ဓားပြတိုက်ခဲ့တာပါ။

ဘဏ်က ငွေကျပ်သိန်းနှစ်ရာကို ယူသွားခဲ့ပြီး ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုတဲ့ကားကိုတော့ အခြားနေရာ မှာ မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဓားပြတိုက်သွားတဲ့ သူကိုဖမ်းမိဖို့အတွက် တော့ မန္တလေး တိုင်းရဲတပ်ဖွဲ့အပြင် တိုင်းချင်းဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ နဲ့လည်းပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ရဲမှူးကြီးမောင်မောင်အေးကပြောပါတယ်။

စစ်ကိုင်းတိုင်းဘက်ကို ထွက်ပြေးသွားနိုင်တယ်လို့ယူဆရတဲ့အတွက် အချက်အလက်အားလုံးကို စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ကို ပေးပို့ထားတယ်လို့လည်းသိရပါတယ်။ ကျူးလွန်သူဟာ ဘဏ်ထဲကိုဝင်ပြီး ခြိမ်းခြောက်ငွေတောင်းပြီးရင် ထွက်ပြေးမယ့်လမ်းကြောင်း ၊ ကားကိုမီးရှို့ပြီး ဆိုင်ကယ်နဲ့ဆက်လက်ပြေးနိုင်ဖို့ ကြိုတင်စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာတော့ ပိတ်ဆို့ရှာဖွေစစ်ဆေးရေး လုပ်ဆောင်နေတာတွေ့ရပါတယ်။ ကျူးလွန်သူကိုတော့ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့စခန်းမှာ ခြိမ်းခြောက်ငွေလုယူမှုနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page