ဧရာဝတီ ကိုဗစ် တိုက်ဖျက်ရေးစင်တာကို မီတာခ သိန်းတထောင်တောင် ကောက်တာတဲ့
ဧရာဝတီ ကိုဗစ် တိုက်ဖျက်ရေးစင်တာကို မီတာခ သိန်းတထောင် ကောက်တာတဲ့
တိတိကျကျ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်ဆိုလည်း ကိုင်တွယ်ပါ အကုန်ဖွင့်မယ်ဆိုလည်း ဖွင့်ပါ မြို့တွေ ရွာတွေ တိုင်းဒေသတွေအလိုက် ပိတ်ခိုင်းထားပြီး မှိုလိုလို ကျည်ပွေ့လိုလို လုပ်နေတာ ဘယ်လိုမှ အဆင်မပြေတဲ့အပြင် အလုပ်တွေရော လူတွေရော ဆေးဝန်ထမ်းတွေရော အရမ်းဒုက္ခ ရောက်နေပြီ။
ကလေးတွေ ကျောင်းပိတ်ထားရတာလည်း တစ်နှစ်နာနေပါပြီ။ အခုပေါ်လဆီကိုပြောင်းပြီး အကုန်ဖွင့်လိုက် ပြီးမှ ဥပဒေနဲ့ အာဏာနဲ့ စည်းကမ်းမလိုက်နာသူတွေကို ပြင်းထန်တဲ့ဒဏ်ငွေ သို့ Community Work တွေ လုပ်ခိုင်း အရေးယူတာမျိုး လုပ်သင့်ပါတယ်။
အလုပ်လက်မဲ့တွေ လေးသောင်းလိုက်ပေးနေရုံနဲ့ ဘာမှဖြစ်မလာဘူး။ အလုပ်လက်မဲ့တွေကို တန်းစီ လေးသောင်းပေးပြီး အိမ်တွေကို မီတာခတွေ မဖြစ်စလောက် လိုက်လျော့ပေးပြီး ဧရာဝတီစင်တာလို ကိုဗစ်အတွက် လုပ်ပေးနေတဲ့နေရာက ကျသင့်တဲ့ မီတာခ သိန်းတစ်ထောင်လောက်ကို ကောက်တာမျိုးကျတော့ ပေးနိုင်ပေမယ့် မလုပ်သင့်မလုပ်အပ်တဲ့ အလုပ်မျိုးပါ။
စီးပွားပျက် အကြွေးတွေ နင့်လာကြပြီဖြစ်တဲ့ လုပ်ငန်းတွေကိုလည်း စာနာဂရုစိုက်သင့်ပါပြီ။
Nyi Lynn Seck