တစ်နေ့ (၂) ကြိမ် သွားတိုက်ရာမှာ မနက်စာ မစားခင် တိုက်ရမှာလား စားပြီးလား
သွားကို ဘယ်အချိန် တိုက်ရမှာလဲ?
တစ်နေ့ ၂ ကြိမ်တိုက်ရတယ်ဆိုတာက နားလည်းဖို့ လွယ်ပေမယ့် မနက်ဖက်တိုက်ရာမယ် မနက်စာမစားခင်လား၊ စားပြီးမှလားဆိုတာက သွားဆရာဝန်တွေကို တပ်အပ်မပြောနိုင်ကြပါဘူး။ လူတဦးချင်းရဲ့လိုအပ်ချက်အခြေအနေပေါ်တာ မှီတည်နေတယ်လို့ ဆိုပါတယ်။
မနက်အိပ်ယာထချိန်ဟာ ပါးစပ်ထဲမယ် အညစ်ပါတ်ဆုံးနဲ့ ဘက်တီးရီးယားအများဆုံးကာလဖြစ်ပါသတဲ့။ ဒါကြောင့်မနက်အိပ်ယာထချိန်မယ် သွားပုတ်ရည်တွေနဲ့ ပါးစပ်ကနံဆော်နေတာပါ။ အဲဒါကို သွားအရင်မတိုက်ဘဲ မနက်စာစားရင် ပိုးတွေကို အစာကျွေးသလိုဖြစ်သွားကာ ပိုးတွေက သွားအပေါ်ယံလွှာတွေကိုဖျက်ဆီးမယ့် အက်ဆစ်တွေထုတ်ပေးလို့ ကျန်းမာရေးအရ ဆိုးကျိုးဖြစ်စေပါတယ်။ ဒါပေမယ့် လူအချို့အဖို့ မနက်စာစားပြီးမှ သွားတိုက်ဖို့ဆိုတာက ရုံးအမီပြေးဖို့ ပျာယာခပ်နေရတာကြောင့်၊ အထူးအားဖြင့် ကလေးတဖက်နဲ့မိခင်တွေအဖို့ စားပြီးမေ့သွားတတ်ကြပါတယ်။ တချို့ကတော့ မနက်စာကို အပြင်ရောက်မှစားတာမို့ ပြီးမှသွားတိုက်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်မနက်စာမစားခင်သာ သွားတိုက်ဖို့အကြံပြုပါတယ်။
မနက်စာစားပြီးမှတိုက်တဲ့အခါ စားကြွင်းစားကျန်တွေကို ရှင်းပြီးဖြစ်လို့ ခါးတွင်းသန်းရှင်းစေနိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီနဲ့ အချဥ်ဓာတ်ပါတဲ့စားစရာစားထားရင် သွားတိုက်တဲ့အခါ အပေါ်ယံကြွေလွှာတွေကို ပွန်းပဲ့တိုက်စားလို့ ကျန်းမာရေးအရ တွက်ခြေမကိုက်လှပါဘူး။ မနက်စာစားပြီး ပါးစပ်ကိုရေနဲ့ကျင်းတာ၊ အချိုရည်သောက်ပြီး ရေသောက်ပြီးရှင်းတာမျိုးကတော့ လူတိုင်းလုပ်ဖို့သင့်တဲ့အရာတွေ ဖြစ်ကြပါတယ်။
Francis Zin