စပိန်လုပ်ရထား၊ ဂျပန်ချေးငွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲတော့မယ့် မြန်မာ့မီးရထား
စပိန်လုပ်ရထား၊ ဂျပန်ချေးငွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲတော့မယ့် မြန်မာ့မီးရထား
မစ်ဆူဘီရှီကုမ္ပဏီကို မြို့ပါတ်ရထားနဲ့ ရန်ကုန်-မန္တလေးအမြန်ရထားတွဲပေါင်း ၂၄၆ စင်း အမှာစာတင်လိုက်တဲ့ မြန်မာ့မီးရထားဌာန
ဒေါ်လာ ၆၆၃ သန်းတန်စာချုပ်အရ လက်ရှိဂျပန်အကူအညီနဲ့ အပိုင်းလိုက်အဆင့်မြင့်နေတဲ့ ရထားလမ်းတွေပေါ်မှာ ဂျပန်ရထားတွဲအသစ်တွေစီးရဖို့ အမျိုးတွေ အဆင်သင့်ဖြစ်ကြပြီလား။
ကိုဗစ်ကင်းစင်သွားရင် ရ ရထားကြီးပျော်ပျော်စီးကာ မြန်ပြည်တခွင်လုံး ခရီးထွက်ကြတာပေါ့ ဗျာတို့ရေ။ (Zin Min Nyein)
မြို့တွင်းနဲ့ အမြန်ရထားလမ်းတွေမှာ အသုံးပြုဖို့ မစ်ဆူဘီရှိကုမ္ပဏီကနေ ကားရထား (၂၄၆) စီး မြန်မာ့မီးရထားဝယ်မယ်
ရန်ကုန်-မန္တလေး အမြန်ရထားလမ်းပိုင်းနဲ့ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွေမှာ အသုံးပြုဖို့အတွက် အမေရိကန်ဒေါ်လာ (၆၆၃) သန်း တန်ဖိုးရှိ ကားရထားအစီးရေ (၂၄၆) ဝယ်ယူဖို့ မြန်မာ့မီးရထားနဲ့ ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့ စာချူပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းဟာ ဂျပန်အစိုးရရဲ့ မီးရထားအခြေခံအဆောက်အအုံ ပို့ကုန်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာနိုင်ငံက လက်ငင်းပေးချေ တာမဟုတ်ဘဲ ချေးငွေသဘောမျိုးနဲ့ နောက်မှ ပြန်ဆပ်ရမယ့်သဘောတူညီချက်မျိုး ဖြစ်တယ်လို့ ဂျပန်ကုန်သွယ်ရေးဋ္ဌာနက ဒီဇင်ဘာ(၈) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကားရထားတွေကို (၄၆) ကီလိုမီတာရှည်တဲ့ ရန်ကုန်မြို့ပတ်မီးရထားလမ်းမှာ (၆၆) စင်း၊ ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးမိုင် (၆၂၀) ကီလိုမီတာအတွက် အစီး ၁၈၀ အသုံးပြုမယ်လို့ သိရပါတယ်။
ကားရထားရဲ့ စွမ်းဆောင်နှုန်းဟာ ရန်ကုန်မြို့ပတ်လမ်း တစ်ပတ်အတွက် လက်ရှိ မိနစ် ၁၇၀ ကနေ ၁၁၀ မိနစ်သာ ကြာမြင့်တော့မှာဖြစ်ပြီး ရန်ကုန် နေပြည်တော်- မန္တလေး ၆၂၀ ကီလိုမီတာခရီးကို ကြာချိန် (၁၅) နာရီကနေ (၈) နာရီအထိ လျှော့ချနိုင်တော့မယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို စပိန်ကားရထားလုပ်ငန်း ကုမ္ပဏီဖြစ်တဲ့ Auxiliar de Ferrocarriles က ဂျပန်ကုန်ကြမ်းပစ္စည်းတွေသုံးပြီး ဦးဆောင်ထုတ်လုပ်သွားမှာဖြစ်သလို ဂျပန်နိုင်ငံက နည်းပညာပိုင်းကို အဓိကတာဝန်ယူထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ကားရထား (၂၄၆) စီးကို ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အကြား အပြီးတည်ဆောက်ပေးသွားမယ်လို့ သိရကာ ရန်ကုန်-မန္တလေး ရထားလမ်းမှာသုံးဖို့ ရထားတွဲသစ် (၂၀၀) ကျော်က ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံ ကိုရောက်ရှိမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်ထားပါတယ်။