သပိတ်ကျင်းတွင် မဲဆွယ်ယာဥ်တန်း တိမ်းမှောက်၊ လူ (၃၂) ဦး ဒဏ်ရာရ

သပိတ်ကျင်းတွင် မဲဆွယ်ယာဥ်တန်း တိမ်းမှောက်၊ လူ (၃၂) ဦး ဒဏ်ရာရ

အောက်တိုဘာလ ၅ရက်နေ့ နေ့လည်(၁)နာရီ (၃၀)မိနစ်အချိန်တွင် မန္တလေတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ပေါ်တော်မူကျေးရွာအနီး၊ သပိတ်ကျင်း- တကောင်းသွား ကားလမ်း မိုင်တိုင်အမှတ်(၄၀/၂)တွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှ တကောင်းမြို့သို့အင်အားပြစည်းရုံးရန် ထွက်ခွာလာသော

ယာဉ်မောင်း ဇော်လတ်၊ (၄၁)နှစ်၊ (ဘ) ဦးချစ်သန်း၊ ကြာညှပ်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 9V/ —-ထော်လာဂျီ (ပုဇဉ်းခေါင်း) အပြာရောင်ယာဉ်သည် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာ

ယာဉ်ပေါ်လိုက်ပါလာသူ ကျား ၁၈ ဦး၊ မ ၁၄ ဦး၊ ပေါင်း ၃၂ ဦး၌ ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သည်ဟု သိရပြီး ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းသူများဖြစ်သော ဦးဩ၊ (၃၈)နှစ်၊ခရမ်းစပ်ကုန်းကျေးရွာ၊ ခင်မောင်၊ (၇၂)နှစ်၊ ခရမ်းစပ်ကုန်းကျေးရွာ၊ဝင်းခိုင်၊ (၄၃)နှစ်၊ ခရမ်းစပ်ကုန်းကျေးရွာ၊ ဒေါ်ကြည်အေး၊ (၅၆)နှစ်၊ ခရမ်းစပ်ကုန်းကျေး ရွာ၊ ဒေါ်မြကြည်၊ (၆၃)နှစ်၊ခရမ်းစပ်ကုန်းကျေးရွာ၊ဒေါ်အေးကြည်၊ (၆၂)နှစ်၊ခရမ်းစပ်ကုန်းကျေးရွာနေသူတို့အား မဟာဂရုဏာလူမှုကူညီရေးအသင်းယာဉ် ၃ စီးဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ရန် ထွက်ခွာသွားပါသည်။

Chitaunglay

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page