မလေးရှားရဲ့ အတုယူဖို့ ကောင်းတဲ့ လော့ဒေါင်း ချပုံချနည်း (ကိုဗစ်ကို အနိုင်ယူခဲ့ပုံ)

မလေးရှားရဲ့ အတုယူဖို့ ကောင်းတဲ့ လော့ဒေါင်း ချပုံချနည်း (ကိုဗစ်ကို အနိုင်ယူခဲ့ပုံ)

မလေးရှားမှာ လော့ဒေါင်းလုပ်ပြီး တစ်ပတ်အတွင်း ဝန်ကြီးချုပ်က ကြေငြာတယ်။ ဘဏ်ကနေ အကြွေးနဲ့ဝယ်ထားတဲ့ အိမ် ဖိုး ၆ လ သွင်းစရာမလိုဘူး။ လုပ်ငန်းအတွက် ဘဏ်ချေးငွေရှိသူတွေ ၆ လ ဆိုင်းငံ့ထားပေးတယ်။

လူဦးရေအလိုက် စက်ရုံတွေ၊ ရုံးလုပ်ငန်းတွေကို လစာပေးဖို့ အမိန့်ထုတ်ပြန်တယ်။ နိုင်ငံသားတွေ အလုပ်မဆင်းပေမဲ့ လခရအောင် စီစဉ်ပေးတယ်။ အိမ်ထောင်မိသားစုများသူ လစာနည်းသူတွေ အားလုံး အတွက် တစ်လ အတွင်း နိုင်ငံတော် ထောက်ပံ့ကြေး ဘဏ်ထဲ ထည့်ပေးတယ်။ (အနဲဆုံး ရင်းဂစ် ၁၆၀၀ ကနေ ၂၄၀၀ အထိ ရကြတယ်)

အသေးစားလုပ်ငန်းလုပ်သူတွေ ဆိုင်လခ၊ ရှော့ပင်းမောတွေ၊ ဆိုင်ခန်းခ ဆိုင်တွေအတွက် စည်ပင်အခွန် လိုင်စင်ကြေး ၆ လ ပေးစရာမလို အားလုံးအတွက် ၆ လစာ သေခြာအောင်စီမံအပြီးမှာ လမ်းပေါ်ကို စစ်တပ်နဲ့ရဲတွေရောက်လာတယ်၊ တစ်ယောက်မှ ထွက်လို့ မရအောင် လော့ဒေါင်းချလိုက်တယ်။ အစိုးရအလုပ်တွေ၊ ကုပဏ္ဍီအလုပ်တွေ၊ ရုံးတွေ၊ စက်ရုံတွေ အကုန်ပိတ်လိုက်တယ်။

အားလုံးကို ၇၅ ရက် အိမ်ထဲမှာနေခိုင်းလိုက်တယ်။ (လော့ဒေါင်းအတွင်းမှာ ကြုံတဲ့ အစ်ဒ်နေ့ နှစ်ခုလုံးကို ပလီမှာ ဘုရားဝတ်ပြုခွင့်ပါမပေးပဲ ပိတ်လိုက်တယ်။ တစ်ချို့ ပလီတွေ အခုချိန်ထိပိတ်ထားဆဲ) ပြီးမှ တစ်ခုခြင်းစီ ပြန်ဖွင့်ပေးတယ်။ အဲ့ဒါကြောင့် မလေးရှားဟာ ကူးစက်မှု လျော့ကျသွားပြီး သေဆုံးသူ တစ်ရာကျော် နဲ့ အကောင်းဆုံး အခြေနေကို ပြန်ရောက်သွားတယ်။

လော့ဒေါင်းအချိန်အတွင်းမှာ ပြန်လာတဲ့ လူတွေကို Q ဝင်ခိုင်းပြီး သေခြာစောင့်ကြည့်တယ်။ လော့ဒေါင်းချထားတဲ့ ရပ်ကွက်တွေ အပါတ်မန့်တွေကို သံဆူးကြိုးကာပြီး လုံးဝထွက်လို့ မရအောင် ပိတ်ပြစ်လိုက်တယ်။ အစိုးရက ရိက္ခာထောက်ပံ့တယ်။ စည်းကမ်းမလိုက်နာသူတွေ အကုန်ဖမ်းတယ်။

အခု ဒုတိယလှိုင်းကိုကာကွယ်တဲ့ အနေနဲ့ သူ့နိုင်ငံထဲက လူတွေကို အပြင်ထွက်ခွင့် မပေးသလို အပြင်မှာ ရှိတဲ့ ့နိုင်ငံသားတွေ၊ စက်ကန်းဟုမ်း ရထားတဲ့ နိုင်ငံခြားသားတွေ၊ PR ရထားတဲ့သူတွေ တစ်ယောက်မှ ပြန်လာလို့ မရတဲ့ အမိန့်ကြေငြာစာကို ၉.၉.၂၀၂၀ မှာ ထုတ်လိုက်တယ်။ အဲ့လိုပြတ်ပြတ်သားသားမလုပ်ရင် ဒုတိယ လှိုင်းဒဏ်ခံရပြီး တိုင်းပြည်ကြေမွှသွားမှာ သူတို့သိတယ်။

ကျွန်တော်တို့ မြန်မာပြည်ကတော့ အစိုးရအနေနဲ့လုပ်ရင်လည်း ပြတ်ပြတ်သားသားလုပ်သင့်တယ်၊ မပြတ်မသားနဲ့ ရဲနဲ့လည်းမနိုင်၊ အခုဆိုရင် ဆရာဝန်တွေ ပရဟိတတွေပါ ပိုးထိနေပြီ၊ တပ်မတော်ဘက်ကလည်း Q စခန်းတွေ ၊စစ်ဆရာဝန်တွေ ၊ဆေးဝါးတွေ သယ်ယူပို့ဆောင်ဖို့ ယာဉ်တွေ လေယာဉ်ရဟတ်ယာဉ်တွေအသင့်ပြင်ထားတယ် နောက်ပြီး ဒီလောက်ကူးစက်နေတာတောင် အနီဝတ်၊ အစိမ်းဝတ်၊ အပြာဝတ်၊ အဝါဝတ် ပြီး လမ်းပေါ်ထွက် ကောင်းတုန်း။

Phyo gyi
မလေးရှားရောက်ရွှေမြန်မာများ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page