အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှုအရေအတွက် တိုးလာ၊ မလေးရှားတွင် စံချိန်တင်
အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှုအရေအတွက် တိုးတက်လာ၊ မလေးရှားတွင် စံချိန်တင်
မလေးရှားနိုင်ငံ တွင် အောက်တိုဘာ ၂၄ ရက်က ကိုဗစ်ကူးစက်ခံရသူအသစ် ၁,၂၂၈ ဦး တွေ့ရှိခဲ့ပြီး ယင်းမှာ ထိုနိုင်ငံတွင် ကပ်ရောဂါစတင် ပြီးနောက်ပိုင်း တစ်နေ့တည်း အများဆုံးကူးစက်မှုဖြစ်သည်။ စုစုပေါင်း ကူးစက်ခံရသူ ၂၅,၇၄၂ ဦး ရှိလာခဲ့သည်။
ကူးစက်သူအသစ် ၄၄၉ ဦး ဖြင့် ဆာဘားပြည်နယ်တွင် အများဆုံးတွေ့ရှိခဲ့ပြီး အခြားပြည် နယ်များဖြစ်သော ဆီလန်ဝေါ၊ ပီနန်၊ ပီရက်၊ နဂရီဆဘီလန်၊ ဆာရာဝက်၊ ကီဒါး၊ မလက္ကာ၊ ထရန်ဂန်နူနှင့် ပါဟန်းတို့တွင် လည်း ကူးစက်မှုများ တွေ့ရှိခဲ့ သည်။ လူခုနစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားခဲ့ပြီးနောက် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် သေ ဆုံးသူ ၂၂၁ ဦး ရှိလာခဲ့သည်။
ထိုအတောအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကူး စက်ခံရသူ ၄,၀၇၀ ဦး ထပ်မံတွေ့ ရှိခဲ့ပြီး စုစုပေါင်း ၃၈၅,၉၈၀ ဦး ရှိလာခဲ့သည်။ သေဆုံးသူ ၁၂၈ ဦး တိုးလာကာ စုစုပေါင်း သေဆုံးသူ ၁၃,၂၀၅ ဦး ရှိလာသည်။
အင်ဒိုနီးရှားတွင် ရောဂါမှ ပြန်လည် သက်သာလာသူလည်း ၄,၁၁၉ ဦး ထပ်တိုးလာသဖြင့် ပြန်လည် ကျန်းမာလာသူ ၃၀၉,၂၁၉ ဦး ရှိလာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက် ခံရသူ ၂,၀၅၇ ဦး ထပ်မံတွေ့ရှိခဲ့ ခြင်းနှင့်အတူ စုစုပေါင်း ရောဂါပိုး တွေ့ရှိသူ ၃၆၇,၈၁၉ ဦးအထိ ရှိလာသည်။ သေဆုံးသူ ၁၉ ဦး ထပ်တိုး ပြီး စုစုပေါင်း သေဆုံးသူ ၆,၉၃၄ ဦး ရှိလာခဲ့သည်။
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားပြီးလျှင် ဖိလစ်ပိုင်က ကူးစက်မှုနှင့် သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည်။