မကျွတ်မလွတ်သူများအတွက် ညစာစားပွဲ (အမဲသားကြီးပဲ ကွက်စားသွားတာ သူတို့ အတော်ကြိုက်ကြလို့ ထင်တယ်)

မကျွတ်မလွတ်သူများအတွက် ညစာ စားပွဲ..

ပိတ်ရက်မရှိ… နေ့စဉ် စည်ကားလျက်ရှိတာဟာ သုဿန် သချိုင်းပါပဲ 🥺

ထိုသို့ နေ့စဉ် နေ့တိုင်း သေဆုံးလျက်ရှိနေပေမဲ့… မနှစ်က တတိယလှိုင်းမှာတော့ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြတယ် 😢

ကျနော်တို့ ကိုယ်တိုင်လဲ တနေ့ တနေ့ လူပေါင်းများစွာ သွားရောက် သယ်ဆောင်ပေးပြီ…ခက်ခက်ခဲခဲ သဂြိုဟ်ခဲ့ကြရတယ် 🥺

တချို့အိမ်တွေဆို ရက်လည် တရားနာတောင် မလုပ်နိုင်ကြဘူး 😢

တချို့အိမ်တွေဆို ပထမ တယောက် ရက်မလည်သေးဘူး… နောက်တယောက် ထပ်သေဆုံးသွားပြန်တယ် 😢

တချို့တွေဆို မိသားစုဝင်တွေ လိုက်မပို့နိုင်ကြပဲ… သဂြိုဟ်ပေးခဲ့ကြရတယ် 😢

တချို့တွေဆို အသက်ငယ်ငယ်လေးနဲ့ သေဆုံးသွားရတဲ့ ကလေးငယ်များလဲ ရှိခဲ့ကြတယ် 😢

ထိုသို့ အကြောင်းတရား အမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရတဲ့ ပုဂ္ဂိုလ်များ နှင့် အရင်တည်းက မကျွတ်မလွတ်သေးကြတဲ့ ပုဂ္ဂိုလ်များအတွက်……

အာဟာရ ဒါနအဖြစ်… ထမင်း ၊ အမဲသားဟင်း ၊ ဌက်ပျော်သီး ၊ အအေး ၊ ဘီစကစ် တို့ကို ကျွေးမွေးခဲ့ကြတယ် 🙏🏻

ကလေးငယ်လေးများအတွက်လဲ သူတို့ ကြိုက်တတ်တဲ့…. ဘီစကစ် ၊ ချိုချဉ်သကြားလုံး ၊ ဂျယ်လီ ၊ အအေး ၊ ဌက်ပျော်သီးတို့ကို ကျွေးမွေးခဲ့ပါတယ် 🙏🏻

ထိုသူတို့…သူတို့တွေ ကိုယ်တွေ လှူဒါန်းကျွေးမွေးတာ စားသုံးကြတာ မြင်ရတွေ့ရတော့ ပီတိလဲ ဖြစ် ၊ ဝမ်းသာရပါတယ် 🙏🏻

သူတို့စားသောက်ပြီတဲ့အခါမှာတော့…

သူတို့ မကျွတ်မလွှတ်သေးတဲ့ ဘဝကနေ… အမျှရ သာဓုခေါ်နိုင်အောင်လဲ ဆရာတော်ဘုန်းဘုန်းများက တရားနာပေးပြီ… ထိုသူတို့အား တရားနာ ကြွရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် 🙏🏻

တယောက်ပဲဖြစ်ဖြစ် ကျွတ်လွတ်သွားလဲ… သူတို့အတွက် ကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ရှိသွားကြမှာ ဧကန်မလွဲပါ 🙏🏻😢🙏🏻

(၇)ရက်သားသမီး၏ စုပေါင်းလှူဒါန်းမှု နှင့် ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ ဦးစီး၍ ကျွေးမွေးလှူဒါန်းခဲ့ကြပါပြီ 🙏🏻🙏🏻🙏🏻

ကျနော် ဝယ်ပေးတဲ့ ဘီစကစ် ဂျယ်လီ ချိုချဉ်လေးတွေကို ထိုသူတို့ စားလို့ မရှိတော့တာ မြင်ရတော့ ပီတိဖြစ်ရပါတယ် 🙏🏻

အော်… သူတို့တွေ ဝဝလင်လင် စားခဲ့ပြီ… တရားနာ အမျှရ သာဓုခေါ်၍ ကောင်းမွန်သော ဘုံဘဝသို့ ရောက်ရှိကြပါစေ 🙏🏻

အားလုံး ကြားကြားသမျှ…. အမျှ အမျှ အမျှ…. သာဓု သာဓု သာဓုပါ 🙏🏻🙏🏻🙏🏻

ကိုပူတူး (ရွှေသန်လျင်နာရေးကူညီမှုအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page