ရန်ကုန်မြို့နဲ့ အမှန်တကယ် မထိုက်တန်သောသူများအကြောင်း
ရန်ကုန်မြို့နဲ့ အမှန်တကယ် မထိုက်တန်သောသူများအကြောင်း
ရန်ကုန်မြို့လယ် မြို့နယ်များဖြစ်သည့် ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်များရှိ အနော်ရထားလမ်းမတလျှောက် ဘေးဝဲယာ လူသွားစင်္ကြံ ပလက်ဖောင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ (BE) ဘတ်ဂျက်ဖြင့် တိုးချဲ့ ပြင်ဆင် ဆောက်လုပ်လျက်ရှိပါတယ်။
အသစ်ပြင်ဆင်လိုက်သောကြောင့် လူသွားပလက်ဖောင်းများ ကျယ်ကျယ်ဝန်းဝန်းရှိလာကာ မျက်စိပသာဒရှိ၍ အများပြည်သူ လမ်းသွားလမ်းလားများအတွက် အဆင်ပြေကောင်းမွန်သွားသည့် အခြေအနေဖြစ်ပါတယ်။
သို့သော် စည်းကမ်းမဲ့ ကွမ်းထွေးမှုများကြောင့် ပြုပြင်ပြီး ရက်ပိုင်းအတွင်း ကွမ်းတံတွေးများဖြင့် စွန်းထင်ပေကျံသွားရသည်ကို ပုံပါအတိုင်း တွေ့မြင်ရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ် (၂၀၁၈) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းဆိုင်ရာတားမြစ်ချက်များအခန်း ပုဒ်မ ၃၈၆ (ရ) တွင် မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးစွန့်ပစ်ခြင်းများပြုလုပ်ပါက ငွေဒဏ် အနိမ့်ဆုံး ကျပ် ၃ သောင်းမှ အမြင့်ဆုံး ကျပ် ၅ သောင်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
မြို့တော်စည်ပင်အနေဖြင့် အဆိုပါ မြို့နယ် ၂ ခုရှိ လူသွားစင်္ကြံများကို ဒီဇိုင်းပြောင်းလဲ၍ စနစ်တကျ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၄၊ ၅ လခန့်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။