ကိုဗစ်ကူးစက်မှုများကြောင့် မြန်မာများကို အဝင်မခံရန် မဲဆောက်မြို့ခံများ ဆန္ဒပြ

ကိုဗစ်ကူးစက်မှုများကြောင့် မြန်မာများကို အဝင်မခံရန် မဲဆောက်မြို့ခံများ ဆန္ဒပြ

“ကုန်သွယ်မှုကို သိပ်အလေးမထားနဲ့ မဲဆောက်သားတွေကို ငဲ့ညှာပေးပါ” “ကိုယ်ကျိုးစွန့်လွှတ်ပေးပါ နယ်စပ်လမ်းကြောင်းတလျှေက် ပိတ်ထားပေးပါ”

“နယ်စပ်တလျှောက် လမ်းကြောင်းများ ပိတ်ပေးပါ covid-19 တားဆီးချင်လို့ပါ” “နိုင်ငံအတွက်၊ မဲဆောက်သားများအတွက် တံတားကိုပိတ်ပေးပါ”

အစရှိသဖြင့် ထိုင်းဘာသာဖြင့်ရေးသားထားသော ဗီနိုင်းများကိုင်ဆောင်၍ မဲဆောက်ဒေသခံများက ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ထိပ်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ယင်းတောင်းဆိုမှုအား မြန်မာဘက်အခြမ်း မြဝတီမြို့ခံတွင် လိုင်းကားသမားများစုပေါင်း၍ တန်ပြန် ဆန္ဒထုတ်ဖော်ရန် စီစဉ်လျက် ရှိပါတယ်။

“မြန်မာတွေဝင်လာလို့ ကိုဗစ်ကူးမှာကြောက်ပြီး အမှတ် ၂ တံတား ပိတ်ပေးဖို့ဆန္ဒပြတာ အောက်တိုဘာ၁ ၁ ရက်နေ့ကတကြိမ်။ ဒီနေ့မနက်ပိုင်းမှာတခါ နှစ်ခါတောင်ရှိနေပြီ။ ကျုပ်တို့မြဝတီသားတွေ ငြိမ်နေရင် သိက္ခာကျတယ်ဗျာ။ မြဝတီကားသမားတွေ မဲဆောက်သွားရင် နည်းမျိုးစုံ အဖွဲ့ပေါင်းစုံက ငွေညှစ်တယ်။ ထိုင်းတွေ မြန်မာပြည်ထဲလာရင်တော့ ကြိုက်သလို သွားလာခွင့်ရနေတယ်။ ဒီတော့ ကျုပ်တို့ဘက်ကလည်း ထိုင်းကားတွေမဝင်လာဖို့ ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီး တန်ပြန်ဆန္ဒပြဖို့ စီစဉ် နေတယ်”ဟု မြဝတီဒေသခံကိုစောအောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page