ကျွန်တော်တို့ အချင်းချင်း စကားတွေ များနေချိန်မှာ တရုတ်ကတော့ မြန်မာ့မြေပေါ်မှာ ဧရာမဆိပ်ကမ်းကြီး ဆောက်ပြီးသွားပါပြီ

ကျွန်တော်တို့ အချင်းချင်း စကားတွေ များနေချိန်မှာ တရုတ်ကတော့ မြန်မာ့မြေပေါ်မှာ ဧရာမဆိပ်ကမ်းကြီး ဆောက်ပြီးသွားပါပြီ

၂၀၀၇ မှာ စတင်လေ့လာခဲ့ပြီး၊ ၂၀၁၀ မှာ စဆောက်ခဲ့တဲ့ ဒီဆိပ်ကမ်းကနေ ၂၀၁၃ ခုနှစ်မှာ သဘာဝဓါတ်ငွေ့စတင် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၇ မှာမှ ရေနံတွေကို ပိုက်လိုင်းမှတဆင့် တရုတ်ပြည်ကို စတင်ပို့ပေးနိုင်ခဲ့ပါတယ်။

ဇွန်လ ၃ ရက်အထိမှတ်တမ်းတွေအရ သဘာဝဓါတ်ငွေ့ကုဗမီတာပေါင်း ၂၆.၅ ဘီလီယံတင်ပို့ပေးနိုင်ခဲ့ပြီး၊

ရေနံတန်ချိန်မက်ထရစ်တန် သန်း ၃၀ အထိ တရုတ်ပြည်ကိုပို့ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တန်ချိန် ၃ သိန်းဆံ့ ဧရာမရေနံတင်သင်္ဘော ၁၂၃ စီးနဲ့ ပြည်ပကနေသယ်လာပြီး တရုတ်ပြည်ကို ရေနံတွေတင်ပို့ပေးနိုင်ခဲ့တာပါ။

မြန်မာပြည်ရဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုကို ဖြတ်ဖောက်ထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ ၇၉၃ ကီလိုမီတာနဲ့ ၇၇၁ ကီလိုမီတာ အသီးသီးရှိကြပါတယ်။

ZinMinNyein

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page