လွှမ်းပိုင်နဲ့ Bobby Soxer ပြတ်သွားပြီး သကာလ နောက်တယောက်တွဲလိုက်ကြပြီ ဆိုပါစို့

လွှမ်းပိုင်နဲ့ Bobby Soxer ပြတ်သွားပီး ခုနေ လွှမ်းပိုင်က အရင် နောက်တယောက် တွဲလိုက်ပီဆိုပါစို့..

၁။ သူတို့ဆဲနေတဲ့တယောက်နဲ့တွဲလိုက်ရင် လွှမ်းပိုင်ရော အဲ့တယောက်ရော ခြံခုန်‌ေကာင် စနှိုက်ကြော်မ ဆိုပီး ဆဲခံရမယ် BS ကို သနားပြကြမယ်..

၂။ အဲ့တယောက်နဲ့မဟုတ်ပဲ celebrity ထဲက မဟုတ်တဲ့ တခြားကောင်မလေးတယောက်နဲ့ တွဲလိုက်ရင် လွှမ်းပိုင်ကို ဆဲကြမယ် ဟိုကောင်မလေးကိုလဲ “ဘယ်ကတည်းက ထင်တော့ထင်နေတာ” ဆိုပီး ဆဲကြဦးမယ် BS ကို သနားကြမယ်..

၃။ လွှမ်းပိုင်တွဲတဲ့တယောက်က BS လောက်မလှရင် ဝိုင်းလှောင်ကြမယ် နံ့သာဆီနဲ့ အီးဘာညာပြောမယ်၊ He gets what he deserves ဘာညာပြောမယ်..

၄။ လွှမ်းပိုင်တွဲတဲ့တယောက်က BS ထက်ပိုလှနေရင် “ရုပ်လှပေမယ့် သူများရည်းစားလုတော့ မျက်နှာက အကြည်ဓာတ်မရှိဘူး” ဆိုပီး inner beauty ကသာ အဓိကကျကြောင်းပြောမယ်.. ပိုက်ဆံပိုရှိရင် လွှမ်းပိုင်က ငွေမက်လို့ဆိုပီးပြောမယ်..

၅။ နောက်ဆုံး တွဲပီး ၆ လ ၁ နှစ်လောက်နဲ့ ယူလိုက်ရင် “သူတို့လက်ထပ်ချင်ရင် အချိန်အကြာကြီးမဆွဲဘူး” ဆိုပီး ယောက်ျားထုတခုလုံးပါ ရောဆဲခံရမယ်..

လွှမ်းပိုင်ဟာကို ဒီလောက်ပဲ ခဏထားလိုက်ပါ BS က နောက်တယောက် အရင်တွဲလိုက်ပီ ဆိုပါစို့ ပထမဆုံး “ဟယ် (အချိန်တိုတိုနဲ့) move on နိုင်တာ အရမ်းဝမ်းသာတယ် I’m proud of you” ဆိုပီး ချီးကြူးမယ်..

၁။ သူ့နောက်ဘဲက လွှမ်းပိုင်ထက်ချောနေရင် လွှမ်းပိုင်ရဲ့ပုံနဲ့ နောက်ဘဲပုံကို ယှဉ်ပီး “အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတာ” ဘာညာ လုပ်မယ်.. Body shaming လုပ်မယ်..

၂။ လွှမ်းပိုင်က ပိုချောနေရင်တော့ ဟိုဘဲရဲ့ ကောင်းတဲ့ နေရာလေးတွေကို ရွေးပြောပေးမယ်.. ဥပမာ- BS ကို ကြည့်နေတဲ့အကြည့်လေးက အရမ်းချစ်တာသိသာတယ်တို့ ရုပ်လေးက အကြည်ဓာတ်လေးတို့ လုပ်ပါလိမ့်မယ်..

၃။ ပိုချမ်းသာတဲ့သူနဲ့ လက်ထပ်သွားရင် မိန်းကလေးဆိုတာ အနာဂတ်အတွက် နှလုံးသားထက် ဦးနှောက်နဲ့ ရွေးတာ ဖြစ်သင့်ကြောင်းပြောမယ်..

၄။ ၆ လ ၁ နှစ်နဲ့ လက်ထပ်သွားရင်တောင် “တကယ်ချစ်တဲ့ယောက်ျားဆိုတာ အချိန်အကြာကြီးမဆွဲဘူး သူတို့ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ ကြိုးစားကြတယ်” ဆိုပီး ယောက်ျားထုတခုလုံး ရောဆဲခံရမယ်..

This is how society works ပါပဲ.. တူညီတဲ့ အကြောင်းအရာတခုတည်း အတူတူဖြစ်ရင်တောင် စောက်မြင်ကပ်ခြင်း၊ မကပ်ခြင်းဆိုတဲ့ POV ကြောင့် ရလာမယ့် results က ဆန့်ကျင်ဘက်ဖြစ်လာပါလိမ့်မယ်.. Double standard ပေါ့.. မယုံရင် ဒီ post ကို screenshot ယူထားလိုက် ၂ ယောက်ထဲ တယောက် အသစ်ရသွားရင် အပေါ်ကအချက်တွေထဲက တချက်မဟုတ်တချက်ကိုတော့ ကျိန်းသေ ငြိကိုငြိစေရမယ်..

သဘောကျလို့ကူးလာတာ ဇန်နဝါရီ ၂၁ ရက်နေ့ကတည်းက ရေးထားတဲ့ Post ပါ.. မှန်ရဲ့လားဗျာ..

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page