ကားအောက်တွင် လူညှပ်ပါသွားသည့် ယာဥ်တိုက်မှုတရားခံမှာ လူကြီးသားသမီး မဟုတ်ကြောင်း ပြည်ထဲရေးထုတ်ပြန်

ကားအောက်တွင် လူညှပ်ပါသွားသည့် ယာဥ်တိုက်မှု တရားခံမှာ လူကြီးသားသမီး မဟုတ်ကြောင်း ပြည်ထဲရေးထုတ်ပြန်

စမ်းချောင်းမြို့နယ်တွင် နိုဝင်ဘာလ၂၉ ရက် နံနက် ၁ နာရီ မထိုးမီအချိန်က စာပို့ ဆိုင်ကယ်ကိုတိုက်၍ ထွက်ပြေးသွားသူမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသကဲ့သို့ လူကြီးသားသမီး မဟုတ်ဟုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းမှန်ပြန်ကြားရေးက ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

အမူ့ဖြစ်စဉ်မှာ နိုဝင်ဘာ၂၉ရက်ည(၁၂)နာရီကျော် ခန့်တွင် စမ်းချောင်းမြို့နယ် အတွင်း၌ စမ်းချောင်းမြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် ညဦးပိုင်း(မီးတန်းယာဉ်)ဖြင့် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် COLOUR BK(2G****) ယာဉ်မှာအရှိန်ပြင်းစွာ မောင်းနှင် သွားသည့်အပြင် ကားအောက်ပိုင်း၌ မသင်္ကာဖွယ်အရာဝတ္တုတစ်ခု တွေ့မြင်၍ ထိုကားနောက်သို့ ထပ်ချပ်မကွာလိုက်လံစုံစမ်းခဲ့ရာ ထိုကားမှာ ရှင်စောပုလမ်းခြံအမှတ် (၂၀-၂၂) ကရင်ခြံရပ်ကွက် အလုံမြို့နယ်ရှိ ကားဂိုဒေါင်အတွင်း ဝင်ရောက်သွားသဖြင့် စစ်ဆေးရာ အစွန်းကွက်များ ထပ်၍ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကားအောက်ကို စစ်ဆေးရာ လူတဦး ညပ်ပါသည်ကို တွေ့မြင်ရသဖြင့် ယာဉ်မာင်းနှင်သူ ခြူးဝင်းထိန် အားစစ်ဆေးရာ ယုဇနတာဝါရှေ့၌ ဆိုင်ကယ် (၁) စီးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ချက်ခြင်းပင် ဖမ်းဆီးထိန်းသိမ်း၍ စခန်းသို့ ခေါ်ဆောင်ပြီး သက်ဆိုင်ရာ နယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခေါ်ယူခြင်း

၎င်းကား၏ အောက်ပိုင်းဂျိုင်းဆက်နှင့် ဆီတိုင်ကီ ကြားညပ်၍ ပါလာသူအား ကူညီကယ်ဆယ်နိုင်ရေးအတွက် စမ်းချောင်းမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ (ရဲသူရိန်) အရံမီးသတ်တပ်ဖွဲ့ ဝင်များအား ခေါ်ယူ၍ ပူးပေါင်းဆောင်ရွက်ကြပြီး ဆိုင်ကယ်စီးနင်းသူ စိုင်းအောင်မိုးအား ခဲရာခဲဆစ်ဖြင့် အပြင်သို့အချိန်မှီသယ်ယူထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်နိုင်ခဲ့ကြပြီး အခင်းဖြစ်ပွားသည့် နေရာတွင် ဒဏ်ရာများဖြင့်ကျန်ခဲ့သည် မဇင်သွယ်မိုးအား ဆေးရုံပို့၍ ကယ်တင်ကူညီခဲ့ကြသော်လည်း မဇင်သွယ်မိုးမှာ လမ်း၌ပင်ရရှိဒဏ်ရာများနှင့်ကွယ်လွန်ခဲ့၏

ထိုဖြစ်စဉ်ဖြစ်ရပ်နှင့် ပတ်သတ်၍ သတင်းအမှန်ရရှိစေရေး ကျွန်နုပ်တို့သတင်းဌာနမှ စုံစမ်းရာ လူမူ့ကွန်ယက်များ ပေါ်၌ ပြန့်နှံနေသည့်သတင်းများအတိုင်း လူကြီးသားသမီး လည်းမဟုတ်သလို ဦးဝင်းထိန်၏သားလည်းမဟုတ်ပါ တရားခံ၏ဖခင် ၏အမည်ဆင်တူသာဖြစ်ပြီး မိဘများကလည်း ၎င်း၏ သားသမီးလွတ်မြောက်စေရေး ငွေပေးမကာကွယ်ထားကြပါ။

တရားခံသည်လည်း ညတွင်းခြင်းပင် မိမိအပြစ်မိမိ ဝန်ခံသဖြင့် စမ်းချောင်းရဲတပ်ဖွဲ့မှ ဖြစ်စဉ်သိသိခြင်း ကားအတွင်းညပ်ပါနေသူအား ကယ်ထုတ်၍ မရသေခင်း စခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းထားပြီးဖြစ်သလို တရားခံကိုလည်း အစားမထိုးထားပါကြောင်းနှင့် တရားခံမှာ ယာဉ်တိုက်မူ့ဖြစ်လျင်ဖြစ်ခြင်း စိုးရိမ်စိတ်များဖြင့် ထွက်ပြေးလွတ်မြောက်မည်အထင်နှင့် နေအိမ်သို့ ပြန်မောင်းနှင်ပြေးလာစဉ် စမ်းချောင်းရဲတပ်ဖွဲ့၏ နယ်မြေလှည့်ကင်း မီးတန်းကား အဖွဲ့နှင့်တွေ့ဆုံပြီး ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ပြည်သူများ သိစေအပ်ပါ၏။

မူ့ခင်းဖြစ်ရပ်နှင့် ပါတ်သတ်၍လည်း စမ်းချောင်းမြို့ မရဲစခန်းမှ အမူ့ဖွင့်၍ အရေးယူ ဆောင်ရွက်ထားရှိပြီး တရားလိုအဖြစ် ယာဉ်မူ့စစ် ရဲအုပ်ဇော်လင်းဦးမှ လိုအပ်သည့် စစ်ဆေးမူ့များအား ရဲလုပ်ငန်းများနှင့်အညီ တရားဥပဒေအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page