ကိုဗစ်အကြောင်းကို အရင်ကထက် ပိုသိလာတဲ့ အခြေအနေနဲ့ ဆက်လက်မြင့်တက်နေဆဲ လူနာဦးရေ

လက်ရှိမှာ ဆက်တိုက် မြင့်တက်နေတဲ့ ရန်ကုန်ရဲ့ လူနာဦးရေပြ ဇယားပါ။ သြဂုတ် ၃၁ လောက်ကနေ ဒီနေ့ထိ တရက်ခြား မြင့်တက်နေဆဲပါပဲ။ အဲဒီဇယားပြန်နိမ့်သွားဖို့က ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။ အိမ်မှာနေမယ်။ စည်းကမ်းလိုက်နာကျမယ်ဆို စက်တင်ဘာ အကုန်လောက်မှာ ဇယားက ပြားဝပ်သွားပါလိမ့်မယ်။ တနေ့ကို လူနာ အနည်းငယ်ကတော့ ဆက်တွေ့နေပါလိမ့်မယ်။

အခုချိန်မှာ အများကြီး မမြင့်တက်ဖို့တော့ လိုနေပါတယ်။ အခုက ၃၀၀ မပြည့်တပြည့်မှာ ရပ်နေပါတယ်။ ဒါက တိုးတက်မှုပါ။ နေချင်သလို နေ၊ သွားလာနေကြရင် အခုချိန်မှာ တနေ့ကို ၄၀၀ ၅၀၀ ထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တကယ်တမ်း အိမ်မှာနေပီး စည်းကမ်းလိုက်နာကြမယ်ဆို ဒီရောဂါက တလအတွင်း ပြန်ကျပါတယ်။ ဝူဟန်မှာတုန်းက အပြင်းအထန်ထိန်းချုပ်ဖို့ ၇၆ ရက် ကြာခဲ့ပါတယ်။ ကျနော်တို့က အရင်ကထက် ရောဂါအကြောင်း သိလာကြပြီမို့ အရင်ကထက် ပိုပီး ထိန်းချုပ်ဖို့နည်းလမ်းတွေကို သိလာနေကြပါပီ။ လက်ရှိမှာ မြင့်တက်နေဆဲ လူနာတွေကြောင့် ဆေးရုံတွေ တိုးချဲ့နေရပေမယ့် ဒီဇယားကို ထိန်းလိုက်နိုင်ပီဆို ဆေးရုံတွေက ဝန်ပေါ့လာမှာပါ။ လက္ခဏာမပြရင် ၁၄ ရက်နဲ့ ဆေးရုံဆင်းပီး အိမ်မှာ ဆက် Q နေရမှာမို့ သိပ်မဆိုးလှပါဘူး။ လူနာတွေ ဆေးရုံတွေကနေ အများကြီးဆင်းသွားရင် အရမ်းအဆင်ပြေသွားမှာပါ။

လက်ရှိမှာ ကျနော်တို့ဟာ လူ ၂ သိန်းကျော် စစ်ထားပီး ၄ ထောင်ကျော်မှာ ပိုးတွေ့ရှိထားပါတယ်။ ထို့အတူ စဖြစ်ထဲက လူနာ ၄၀၀၀ ကျော်မှာ ၁၁၄၀ ယောက်က ဆေးရုံက ပြန်ဆင်းသွားပါပီ။ ကျန်လူနာတွေထဲက သတ်မှတ်ရက်တွေ ပြည့်ရင် ထောင်နဲ့ချီပီး ပြန်ဆင်းကြဖို့ ရှိပါတယ်။ ဒါကြောင့်မို့ ဆက်လက်တိုးတက်နေတဲ့ လူနာဇယားကို ဆက်မတိုးအောင် ထိန်း၊ တဖြည်းဖြည်းလျော့အောင် ထိန်းပေးနိုင်ကြမယ်ဆို သေနှုန်းပါ လျော့သွားမှာပါ။ ဆက်လက်ကြိုးစားကြပါစို့။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page