လူနာတင်ယာဥ် မောင်းကြတဲ့ ပရဟိတ ညီအကိုများ သတိပြုဆင်ခြင်သင့်တဲ့ အချက်တခု

လူနာတင်ယာဥ် မောင်းကြတဲ့ ပရဟိတ ညီအကိုများ သတိပြုဆင်ခြင်သင့်တဲ့ အချက်တခု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉နာရီခွဲအချိန်က ပရဟိတယာဉ်တစီးမှ မဆင်မခြင်မောင်းနှင်ခဲ့မှုကြောင့် ဆိုင်ကယ် လမ်းမှန်မောင်းနှင်သူ တဦးပွဲချင်းပြီး၍ ဆိုင်ကယ်နောက်လိုက်ပါစီးနင်းသူတဦး ဒါဏ်ရာရမှု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားပုံမှာ အောင်ကိုကို (ခ) လျှံထက်ဝေ မောင်းနှင်သည့် YGN 31L— နံပါတ်ပါ အာရာဖတ် အမျိုးအစား ( ချစ်ကြည် ရေး ၊ ကျန်းမာရေး အထောက်အကူပြု ) အဖြူရောင် မော်တော်ယာဉ်တွင် မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးအတိုင်း ပိတောက်ပင် လမ်းဆုံဘက်မှ ဂေါက်ကွင်းဘက်သို့ မောင်းနှင်လာခဲ့ပြီး မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက် ၊ ကြံတောလမ်းဆုံ မီးပွိုင့် အရောက်၌ မီးနီအားဖြတ်မောင်းစဉ် မြိတ်မြို့ ၊ ကန်ဖျား ရပ်ကွက်၊ ဗန္ဓုလမ်းအတိုင်း ဗန္ဓုလမ်းဘက်မှ ကြံတာလမ်း ဘက်သို့ မီးစိမ်း၍ ဖြတ်မောင်းလာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ကြောင်း ဆိုသည်။

ထိုသို့ တိုက်မိခြင်းကြောင့် ဆိုင်ကယ် မောင်းနှင်လာသူ မျိုးမြင့်ကျော် (၂၇နှစ်)၊ စပါးရွှေဝါလမ်း ၊ အထက်ပုန်း ရပ်ကွက် ၊ မြိတ်မြို့နေသူ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသွားပြီး၊ အဆိုပါဆုံးသူ၏ ဆိုင်ကယ်နောက်စီးလာသူ ရဲဇင် မျိုးအောင် (အတွင်းလူနာ)တို့ အသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့ဆစွာ မီးနီအား ဖြတ်မောင်း၍ အသက်ကို သေစေအောင် နှင့် နာကျင် ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သူ ယာဉ်မောင်း အောင်ကိုကို(ခ)လျှံထက်ဝေ(၁၉နှစ်) ကလွင်ရေပုန်းလမ်း၊ အထက် ရေပုန်းရပ်ကွက် ၊ မြိတ်မြို့ နေသူ အား မြိတ်မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page