ကိုဗစ်လူနာများ တင်ဆောင်လာတဲ့ အရေးပေါ်ကားတစီး မီးလောင်မှု ဖြစ်ပွား
ကိုဗစ်လူနာများ တင်ဆောင်လာသည့် ယာဉ်မီးလောင်းခဲ့ပြီး ကား နှင့် ကျန်မာရေးအထောက်အကူပြု ပစ္စည်းများ ပျက်ဆီးဆုံးရှုံး
ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာများကို တင်ဆောင်လာသော အရေးပေါ်လူနာတင်ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါ လူများထိခိုက် ဒဏ်ရာမရရှိခဲ့သော်လည်း ကား နှင့် အလှူရှင်များလှူဒါန်းထားသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
ယနေ့ (စက်တင်ဘာလ ၂ရက်) နေ့လယ် ၁၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုရွှီပြင်ကျေးရွာရှိ ကိုဗစ်လူနာ ၃ ဦးကို အားကွန်းတောင် ကျေးရွာဆိပ်ကမ်းမှ ပုဏ္ဏားကျွန်းဆေးရုံသို့ PDYO (Pen Development Youth Organization) အသင်းပိုင် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းမှာ PPE ဝတ်စုံအပြည့်ဝတ်ထားပြီး Aircon အသုံးပြုရာမှ အပူချိန်ကွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း PDYO အသင်းက ထုတ်ပြန်ထားပါတယ်။ ထိုမီးလောင်မှု၌ ယာဉ်ပါ လူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာမရှိခဲ့သော်လည်း ပုဏ္ဏားကျွန်းမြို့နယ်၏ ကျန်းရေးကဏ္ဍတွင် အလွန်အရေးပါသော အရေးပေါ်လူနာတင်ယာဉ်မှာ တစ်စီလုံးပျက်ဆီးခဲ့ရပါတယ်။
ပိုးရွှီပြင်ကျေးရွာ သို့ လှူဒါန်းထားသည့် PDYO အသင်းမှ Mask အထုတ်၂၀ ၊ HYC မှ Face Shield အခု ၁၀၀ ၊ ၉၇-၉၈ ပုဏ္ဏားကျွန်းကျောင်းသားဟောင်းများ လှူဒါန်းထားသော အောင်ဆီဂျင်စက်၁လုံး၊ PPE ၃စုံ၊ Mask ၅ထုတ်၊ သာမိုမီတာအပူတိုင်း ၁ခု နှင့် Face Shield ၈ခုတို့လည်း ပျက်ဆီးဆုံးရှုံး ခဲ့ရကြောင်း သိရပါတယ်။